Border News Agency
မကွေး၊ဇူလိုင် ၅။
မကွေးတိုင်း၊ပေါက်မြို့နယ်ရှိအမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံသို့ စစ်သည်လက်နက်ခဲယမ်းတွေ ထပ်ဖြည့်တင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီပေါက်မြို့နယ်ကို ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ထောက်ပို့ရဟတ် ယာဉ်ခြောက်ကြိမ်ဆင်းသက်ပြီး စစ်သ ည်အင်အားတရာကျော်နဲ့အတူလက်နက်ကြီးကျည်၊ထိပ်ဖူးတွေအပါအဝင်လ က်နက်ခဲယမ်းတွေ ချပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီရဟတ်ယာဉ်တွေဟာဒဏ်ရာရစစ် သားတွေကို ဆေးကုသဖို့ ပခုက္ကူမြို့နဲ့ညောင်ဦးမြို့ကို ယူသွားခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် အမှတ်၂၄ကာကွယ်ရေးပ စ္စည်းစက်ရုံရဲ့ စက်ရုံမှူးကိုလူပြောင်းပြီးဇူလိုင်လ ၄ ရက်နေ့မှာအမှတ်၂၄ ကာ ကွယ်ရေးပစ္စည်းစက်ရုံမှစစ်သည်အင် အားတရာခန့်ဟာ ပြစ်မရွာသို့ပို့ထားတ ယ်လို့ဆိုပါတယ်။
အဲဒီအာဏာသိမ်းစစ်ကြောင်းဟာ ရေဖြူရွာကိုဦးတည်စစ်ကြောင်းထိုးနိုင်တာမို့ ဒေသခံတွေစောင့်ကြည့်နေကြတယ်လို့လည်း ဆိုပါတယ်။







