Border News Agency
ရေကြည်၊ဇူလိုင် ၅။
အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်မှာအာဏာသိမ်းစစ်တပ် စစ်သည်အင်အားထပ်ဖြည့်နေတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ပွိုင့်ကုန်းတွေကို ပြန် ယူဖို့အတွက် စစ်အင်အားတွေထပ်ဖြ ည့်ပြီး ထိုးစစ်တွေမရပ်မနားလုပ်နေတ ယ်လို့ ဆိုပါတယ်။
အဲဒီရေကြည်မြို့နယ်အခြေစိုက်အမှတ်၃၄၄အမြောက်တပ်သို့ ပုသိမ်အခြေစိုက်တပ်ရင်းတွေက ထပ်အင်အားဖြည့် တင်းနေသလို လေးမျက်နှာဘက်မှာ
လည်း အင်အားဖြည့်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပုသိမ်-မုံရွာလမ်းပိုင်းစိုးမိုးရေးကိုလည်းလုပ်နေပြီးလမ်းတလျှောက်တပ်ဖြန့်နေရာယူစစ်အင်အားအများအပြားသုံးလုပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လက်နက် ကြီးတွေ၊အသေခံဒရုန်းတွေအပါအဝင်လေကြောင်းတိုက်ခိုက်တာတွေဆက်လု ပ်နေတာမို့ တိုက်ပွဲတွေဆက်ပြင်းထန်နေခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီရေကြည်မြို့နယ်ရှိ ပွိုင့် ၂၈၈၊ပွိုင့် ၁၈၈ နဲ့ပွိုင့် ၁၄၈ ကုန်းကို အာရက္ခတပ်တော်သိမ်းပိုက်ထားသလို ပွိုင့် ၂၇၇ ရဲ့ကာကင်းနှစ်ခုကိုလည်း ထပ်သိမ်းထားပါတယ်။
အဲဒီတိုက်ပွဲတွေက အာဏာသိမ်းစစ် သားအလောင်းတွေအပါအဝင်လက်နက်ခဲယမ်းတွေကို အာရက္ခတပ်တော်သိမ်းဆည်းရထားပါတယ်။






