Border News Agency
ကော့ဘဇာ၊ဇူလိုင် ၁၆။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊အူခီယားမြို့နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့ညက မောင်တောပို့မယ့်မြေသြဇာတွေနဲ့အတူရိုဟင်ဂျာလေးဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနယ်စပ်အနီးမှာမြေသြဇာအိတ်တွေကိုသယ်ယူနေကြချိန် ဘင်္ဂလားဒေ့ရှ်န ယ်ခြားစောင့်တပ်တွေ့ရှိတားဆီးစစ် ဆေးဖမ်းဆီးခဲ့တာပါ။
အဲဒီဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ လေးဦးကို မြေဩဇာ ၁၃ အိတ်နဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ တရားမဝင်ကုန်သွယ်မှုတွေ၊နယ်စပ်ဖြတ်ကျော်တာတွေ နေ့စဥ်လိုလိုဖြစ်နေပြီးဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ကင်းလှည့်ဖမ်းဆီးတာတွေလုပ်နေပါတယ်။
အဲဒီမြေသြဇာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကန့်သတ်ပစ္စည်းဖြစ်ပြီးပြည်ပသို့တရားမဝင်တင်ပို့ရောက်ချတာတွေကိုတားမြစ်ထားပါတယ်။







