Border News Agency
ကင်မရွန်ဟိုင်းလန်းစ်၊ ဇူလိုင် ၁၆။
မလေးရှားနိုင်ငံ၊ပါဟန်ပြည်နယ် ရဲတပ်ဖွဲ့ဟာ လူဝင်မှုကြီးကြပ်ရေးဌာန (JIM)၊ အထွေထွေလှုပ်ရှားမှုတပ်ဖွဲ့ (PGA) ပေါင်းပြီး ဟာဘူးမြို့က ဆောက်လုပ်ရေးလုပ်ငန်းကို ဇူလိုင်လ ၁၆ ရက်နေ့ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁၃ ဦးကို ဖမ်းဆီးခဲ့ပြီးမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အင်ဒိုနီးရှားနဲ့နီပေါနိုင်ငံသားတွေ ပါဝင်ပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူထားပါတယ်။
















