Border News Agency
ဖားကန့်၊ဇူလိုင် ၂၀။
ကချင်ပြည်၊ဖားကန့်မြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်နေစဉ် ငှက်ပျောတောရပ်ကွက်၊ဘိုတဲရုံးနား ဇူလိုင်လ ၂၀ရက် ၊ဒီနေ့ ကလေးငယ်တဦး ရေထဲမျောပါ လာတာတွေ့ကြပါတယ်။
အဲဒီရေထဲ မျောပါလာတဲ့ ကလေးငယ်ကို ဒေသခံတွေက အချိန်မှီ ဆယ်ယူခဲ့ကြပေမယ့်လည်း ကလေးငယ်သေဆုံးသွားပါတယ်။
အဲဒိီကလေးငယ်ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လည် ၃ နာရီကျော်အချိန်မှာ တွေ့တာဖြစ်ပြီး ကလေးမိဘဆွေမျိုးတွေအမြန်ဆုံးတွေ့နိုင်ဖို့ လိုက်လံစုံစမ်းရှာနေကြပါတယ်။
ကလေးငယ်မိဘတွေအမြန်ဆုံး သိရှိပြီး လာရောက်ဆက်သွယ်နိုင်ဖို့အတွက် စိန်နန်းပလ္လင်၊ရေဆေးဆီလိုက်နဲ့ ကွန်းဖောင်ဒေးရှင်းဆီ ဆက်သွယ်ပေးကြဖိုအကူ အညီတောင်းခံထားပါတယ်။
ဖားကန့်မှာ မိုးဆက်ရွာနေတာမို့ ရေကြီးမှုတွေဆက်ဖြစ်နေပြီး ပြည်သူတွေလ ည်း မိမိတို့ရင်သွေးကလေးသူငယ်တွေကို ရေဘေးအန္တရာယ်မှကင်းဝေးစေဖို့သတိထား စောင့်ရှောက်ကြဖို့ တိုက်တွန်းထားပါတယ်။










