Border News Agency
ဘန်ကောက်၊ ဩဂုတ် ၃၁။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာအလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးဟာ သြဂုတ်လ ၂၄ ရက်နေ့က ကွီကွမ်ဘူတာအနီးမှာ ရထားတိုက်ခံရလို့သေဆုံးသွားခဲ့ပါတယ်။
သူမဟာဆောက်လုပ်ရေးလုပ်ငန်းတခုမှာ လုပ်ကိုင်နေသူဖြစ်ပြီး သူရဲ့အလုပ်သမားတန်းလျားအနီးစျေးဝယ်ဖို့အတွက် ရထားလမ်းကိုတားထားတဲ့သွပ်ပြားကို ဖြတ်ကျော်ရာကနေ ရထားတိုက်ခံခဲ့ရတာပါ။
အဲဒီလိုရထားတိုက်ခံရပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက စလေလဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီးနောက်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူရဲ့ အမျိုးသားက ထိုက်သင့်တဲ့နစ်နာကြေးရရှိဖို့အတွက် AAC မဟာမိတ်အဖွဲ့ကို သြဂုတ်လ ၂၉ ရက်နေ့မှာ အကူအညီတောင်းထားပါတယ်။









