Border News Agency
ပလက်ဝ၊စက်တင်ဘာ ၉ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပလက်ဝခရိုင်မှာ အတန်းပညာသင်ကြားရေးကောလဟလတွေထွက်နေတာမို့ အာရက္ခအမျိုးသားပညာရေးဌာနက စက်တင်ဘာဘ ၉ ရက်၊ဒီနေ့ထုတ်ပြန်ရှင်းပြထားပါတယ်။
အဲဒီဒေသခံတွေရဲ့ပညာရေးအတွက် အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းရန်ကြားက ကန့်သတ်ချက်တွေနဲ့လုပ်ပေးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
(ULA)ပြောရေးဆိုခွင့်ရှိသူခိုင်သုခကဆိုပါတယ်။
အဲဒီပလက်ဝခရိုင်မှာသင်ကြားမယ့် သင်ရိုးညွှန်းတမ်းအသစ်ရေးဆွဲထားတဲ့ ၁၂ တန်းရက္ခိုင်စာသင်ရိုးကို မြန်မာစာနေရာမှာအစားထိုးထားပေမယ့် ကျောင်းသား၊ကျောင်းသူတွေကို မသင်မနေရအတင်းအဓမ္မသင်ယူခိုင်းတာမဟုတ်ဘူးလို့ ဆိုပါတယ်။
အဲဒီကျောင်းသူ၊ကျောင်းသားတွေဟာ မြန်မာစာနဲ့ရက္ခိုင်စာနှစ်ခုထဲက မိမိတို့ ကြိုက်နှစ်သက်ရာတဘာသာကို လွတ်လပ်စွာရွေးချယ်သင်ကြားနိုင်တဲ့မူဝါဒကို ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
အဲဒီပလက်ဝခရိုင်မှာ ၁၂ တန်း ပညာသင်ယူနေသူ တရာ့ငါးဆယ့်ရှစ်ဦးရှိပြီး ရက္ခိုင်လူမျိုးတရာ့သုံးဆယ့်ရှစ်ဦး၊ခူမီးလူမျိုးတဆယ့်ခြောက်ဦး၊ဒိုင်းနက်လူမျိုးသုံးဦးနဲ့မြိုလူမျိုးတဦးပါဝင်ကာ အာရက္ခအမျိုးသားပညာရေးဌာနက ကြီးကြပ်သင်ပေးနေတာဖြစ်ပါတယ်။







