Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပေါင်ငါးရာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၃ ရက်၊ဒီနေ့ ညနေ ၇ နာရီအချိန်က အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းအတွင်း နေထိုင်သူရှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်း အတည်ပြုနေဆဲ ဖြစ်ပါတယ်။










