Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငွေသားထုတ်ခတွေ စျေးတက်

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငွေသားထုတ်ခတွေ စျေးတက်နေတယ်လို့ အာရက္ခပြည်သူတွေက အတည်ပြုပြောကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်မြို့သိမ်းမှုတွေနောက်ပိုင်း စစ်ကောင်စီတပ်ထိန်းချုပ်မှုလက်အောက်ခံဘဏ်တွေအားလုံးနီးပါးပိတ်သွားကြပြီး ငွေသားကို ရာခို င်နှုန်းပေးထုတ်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဲဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငွေထုတ်ခဈေးတက်လာပြီး တသိန်းကိုခြောက်ထောင်ကျော်ထိတက်နေတယ်လို့ ငွေလွှဲငွေထုတ်လုပ်ကိုင်သူတွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီငွေထုတ်ခနှုန်းထားတွေဟာ ခုအ ပတ်အတွင်း တဟုန်ထိုးတက်သွားခဲ့တာဖြစ်ပြီး အရင်လတွေတုန်းက ငွေ သား တသိန်းကို နှစ်ထောင်၀န်းကျင်ကနေ သုံးထောင်ကြားသာ ပေးထုတ်ခဲ့ကြရပေမယ့် ငါးထောင်ကနေ ခြောက်ထောင်ထိ ခုန်တက်သွားခဲ့လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“သင်္ကြန်နဲ့ ထုတ်သူများလို့ ငွေသား အများကြီးကိုင်ထားတဲ့သူတွေ ဈေးကစားကြတာ၊တကယ်က ငွေသားရှားလို့ ဈေးတက်တာ မဟုတ်ဘူး။” လို့ ရခိုင်မြောက်ပိုင်းမှ ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်သူတဦးက Border News Agency ကို ပြောပါတယ်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံစတဲ့မြို့နယ်တွေမှာ ငွေထုတ်ခ ငါးထောင်၀န်းကျင်ပေးရပြီး ပေါက်တော၊ ရသေ့တောင်စတဲ့မြို့နယ်တွေနဲ့ နယ်ကျေးရွာတွေမှာတော့ ခြောက်ထောင်၊ ခြောက်ထောင်ကျော်ထိ ပေးနေကြရတယ်လို့ ဒေသခံငွေထုတ်သူတွေကဆိုကြပါတယ်။

ဒါပေမယ့် ငွေသားထုတ်ယူမယ့်အနည်းအများပေါ်မူတည်ပြီး ရာခိုင်နှုန်းအန ည်းအများကွာခြားသွားတယ်လို့လည်းအာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုစျေးတက်သွားတာဟာ သင်္ကြန်ကျတော့မှာမို့ ငွေထုတ်ယူသူတွေများနေလို့ ငွေထုတ်၊ငွေလွဲလုပ်ကိုင်သူတွေစျေးတင်လိုက်ကြတာလို့လည်း အာရက္ခပြည်သူတွေက စွပ်စွဲပြောဆိုနေကြပါတယ်။

“အိမ်ရှင်(အမျိုးသား) ဆီက ငွေလွှဲရင် သုံးထောင်နဲ့ ထုတ်နေတာ၊ ဒီလချက်ချင်းတက်သွားတယ်။” လို့ ပေါက်တောမြို့နယ်မှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

သင်္ကြန်ကာလရောက်တောမှာမို့ ပြည်ပရောက်အလုပ်သမားတွေဟာ အာရက္ခပြည်အတွင်း‌ရှိ မိသားစုတွေဆီ ငွေလွှဲတာတွေ ပိုလုပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“တတ်နိုင်တဲ့သူတွေက သင်္ကြန်အတွက် တမင်တကာ သိန်းသောင်းချီလှောင်ထားလိုက်ကြတာ။ပြီးရင် ဈေးတင်ရော င်းတယ်။သင်္ကြန်ပြီးရင်တော့ ပြန်ကျမှာပါ။” လို့ ငွေလွှဲငွေထုတ်လုပ်ငန်းလုပ် ကိုင်သူတဦးက Border News Agency ကို ပြောပါတယ်။

ဘဏ်လုပ်ငန်းအားနီးပါးရပ်တန့်‌နေပြီဖြစ်တဲ့ အာရက္ခပြည်မှ ပြည်သူတွေဟာ ငွေသားထုတ်ယူချင်ရင် ငွေလွှဲငွေထုတ် လုပ်ငန်းလုပ်သူတွေကိုပဲအားကိုးနေကြရတာ တနှစ်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက တဆယ့်လေးမြို့ နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲ ဒီမြို့နယ်တွေမှာ ဘဏ်လုပ်ငန်းတွေ လုံး၀ရပ်တန့်သွားခဲ့တာပါ။

စစ်ကောင်စီထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ကျောက်ဖြူမှာသာ ဘဏ်လုပ်ငန်း လ ည်ပတ်နေသေးပါတယ်။

ဒါပေမယ့် စစ်တွေ၊ကျောက်ဖြူကို စစ်ကောင်စီက အ၀င်အထွက် လုံး၀ပိတ်ထားတာမို့ အဲဒီမြို့တွေကလည်း ငွေ သားထုတ်ယူဖို့ အဆင်မပြေကြဘူးလို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေတွေက ငွေသားတွေကို မှောင်ခိုလမ်းကြောင်းတွေနဲ့ ခက်ခက်ခဲခဲသယ် ယူနေကြရတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒီလိုငွေထုတ်ခတွေစျေးကြီးနေတာကြောင့် ပြည်ပအလှူရှင်တွေရဲ့ငွေလွှဲထောက်ပံ့မှုတွေကို အားကိုးပြီး ဒေသတွင်းစစ်ဘေးရှောင်တွေအပေါ် ကူညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့လ ည်း အခက်ကြုံကြရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကောင်စီတပ်ဟာအာရက္ခဒေ သရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိ တ်ဆို့တားမြစ်ထားသလို ကုန်စည်စီးဆ င်းမှုအားလုံးကိုလည်း တားဆီးကန့်သတ်ထားတာဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငွေသားထုတ်ခတွေ စျေးတက် နေတာတွေကို အာရက္ခပြည်သူ့တော်လှ န်ရေးအစိုးရက စစ်ဆေးကြပ်မတ်ဖို့တာ ဝန်ရှိနေသလို အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖွဲ့ဝင်တချို့လည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousအာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က
Next“ငလျင်လှုပ်တုန်းက ဒီ ဒိုက်ကြီးထဲကနေ မီးတောင်ပေါက်ကွဲသလိုမျိုးပဲ”Next
Previous Post

အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က

Next Post

“ငလျင်လှုပ်တုန်းက ဒီ ဒိုက်ကြီးထဲကနေ မီးတောင်ပေါက်ကွဲသလိုမျိုးပဲ”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အလင်းဝင်လာတဲ့ လက်နက်ကိုင်လေးထောင်ကျော်ရှိတယ်လို့ စစ်ခေါင်းဆောင်ဆို

September 24, 2026

မြစိမ်းရောင်စီမံကိန်းအမည်သုံးပြီး Facebook နဲ့ TikTok ကနေငွေလိမ်နေလို့ အများပြည်သူသတိပြုဖို့အသိပေး

September 24, 2026
ဓာတ်ပုံ - BNA

ရခိုင်အရေး စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ငြင်း

September 24, 2026
​ဓာတ်ပုံ - BNA

မြန်မာ့အရေး ကုလသမဂ္ဂညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ UNOCHA တောင်းဆို

September 24, 2026

အိန္ဒိယမှာ ခရီးသည်တင်ဘတ်စ်ကား မီးလောင်လို့ ကိုးဦးသေဆုံး

အလင်းဝင်လာတဲ့ လက်နက်ကိုင်လေးထောင်ကျော်ရှိတယ်လို့ စစ်ခေါင်းဆောင်ဆို

မြစိမ်းရောင်စီမံကိန်းအမည်သုံးပြီး Facebook နဲ့ TikTok ကနေငွေလိမ်နေလို့ အများပြည်သူသတိပြုဖို့အသိပေး

ရခိုင်အရေး စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ငြင်း

မြန်မာ့အရေး ကုလသမဂ္ဂညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ UNOCHA တောင်းဆို

မလေးရှားမှာ မြန်မာဒုက္ခသည်တွေပြန်ပို့မယ့်အစီအစဉ်နဲ့ မင်းအောင်လှိုင်ကိုဖိတ်ခေါ်မှုအပေါ် ဆန္ဒပြ (ဓာတ်ပုံသတင်း)

Releated Post

​ဓာတ်ပုံ - India today

အိန္ဒိယမှာ ခရီးသည်တင်ဘတ်စ်ကား မီးလောင်လို့ ကိုးဦးသေဆုံး

September 24, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အလင်းဝင်လာတဲ့ လက်နက်ကိုင်လေးထောင်ကျော်ရှိတယ်လို့ စစ်ခေါင်းဆောင်ဆို

September 24, 2026

မြစိမ်းရောင်စီမံကိန်းအမည်သုံးပြီး Facebook နဲ့ TikTok ကနေငွေလိမ်နေလို့ အများပြည်သူသတိပြုဖို့အသိပေး

September 24, 2026
ဓာတ်ပုံ - BNA

ရခိုင်အရေး စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ငြင်း

September 24, 2026
​ဓာတ်ပုံ - BNA

မြန်မာ့အရေး ကုလသမဂ္ဂညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ UNOCHA တောင်းဆို

September 24, 2026
​ဓာတ်ပုံ - COBEM Info

မလေးရှားမှာ မြန်မာဒုက္ခသည်တွေပြန်ပို့မယ့်အစီအစဉ်နဲ့ မင်းအောင်လှိုင်ကိုဖိတ်ခေါ်မှုအပေါ် ဆန္ဒပြ (ဓာတ်ပုံသတင်း)

September 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page