Border News Agency
ပဲခူး၊ ဒီဇင်ဘာ ၂၄။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစေခိုင်းခံရတဲ့ တပ်ဖွဲ့ဝင်သုံးဦးအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီဇင်ဘာလ ၂၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် စိုင်းထက်ဝေ၊ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် လင်းထက်မိုးနဲ့ အသက်သုံးဆယ်အရွယ် သက်မောင်တို့ဟာဒီဇင်ဘာလ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈ ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ မိမိစိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကော်မရှင်တပ်ရဲ့ခလရ – ၇၅ က တပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆိီဆက်သွယ်ပြီး လက်နက်ချအလင်းဝင် ဘက်ပြောင်းခိုလှုံကြဖို့လည်း KNU က တိုက်တွန်းထားပါတယ်။








