Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဓာတ်ပုံသတင်း သတင်း

ဝက်လက်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံး

ဓာတ်ပုံ-ဝက်လက်သတင်းကွန်ရက်
Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၄။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့‌ခြမ်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဝက်လက်သတင်းကွန်ရက်မှ ဒီဇင်ဘာလ ၂၄ရက်၊ ဒီနေ့ကထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ်အရှေ့ဘက်၊ ငါးပတ်ချောင်းကျေးရွာကို ဒီဇင်ဘာလ ၂၃ ရက်၊ ညနေအချိန် စစ်ကော်မရှင်တပ်ရဲ့မိတ္ထီလာလေတပ်က တိုက်လေယာဥ်တစီးနဲ့ ပေါင် ၂၀၀ ဗုံးလေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလိုတိုက်ခိုက်လို့ အမျိုးသမီးတွေ၊ သက်ကြီးတွေ၊ ကလေးငယ်တွေသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ အသက်ရှစ်ဆယ်အရွယ် ဒေါ်သန်းမြ၊ အသက်ခုနှစ်ဆယ့်ငါးနှစ်အရွယ် ဒေါ်ကျင်နဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကိုမင်းသန့်၊ အသက်ဆယ့်​လေးနှစ်အရွယ် ကလေးတဦး၊ အသက်ခုနှစ်နှစ်အရွယ် ကလေးတဦး၊ အသက်သုံးဆယ်ငါးနှစ်အရွယ် ဒေါ်မာသွယ်၊ အသက်ရှစ်ဆယ်ကျော်အရွယ် ဒေါ်ခင်တင့်တို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအပြင် ဒဏ်ရာရသူတွေလည်းရှိနေပြီး နွားတွေလည်းသေဆုံးခဲ့ကြသလို ကားသုံးစီးလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ငါးပတ်ချောင်းရွာကို လေကြောင်းမှ သုံးကြိမ်အထိတိုက်ခိုက်ခဲ့တာကြောင့် ရွာဘုရားဝန်းလည်းပျက်စီးပြီး နေအိမ်လေးလုံးမီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဝက်လက်မြို့နယ်အရှေ့‌မြောက်ခြမ်း၊ ထုံးဘိုကျေးရွာတောင်ဘက်မှာရှိတဲ့ သန်းကုန်းတောတိုက်အနီးတဝိုက်ကိုလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့တံတားဦးလေတပ်မှ ပေါင်၂၅၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့ကြပါတယ်။

PrevPreviousစစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး KNU ဆီအလင်းဝင်
Nextရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို CDF သိမ်းဆည်းNext
Previous Post

စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး KNU ဆီအလင်းဝင်

Next Post

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို CDF သိမ်းဆည်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မူးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး အလင်းဝင်

April 17, 2026
ဓာတ်ပုံ - KNU

လယ်ဒိုမှာ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

April 17, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

April 17, 2026

​ဟော်မုဇ်ရေလက်ကြားရှိ မိုင်းတွေကို အမေရိကန်စတင်ရှင်းလင်း

April 17, 2026

မူးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး အလင်းဝင်

လယ်ဒိုမှာ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

​ဟော်မုဇ်ရေလက်ကြားရှိ မိုင်းတွေကို အမေရိကန်စတင်ရှင်းလင်း

လွတ်လာသူ ၆၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော်သာပါ

ကရင်နီမှာ အကျဉ်းသား ၂၃၀ ကျော်ကို IEC လွှတ်ပေး

Releated Post

မူးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး အလင်းဝင်

April 17, 2026
ဓာတ်ပုံ - KNU

လယ်ဒိုမှာ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

April 17, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

April 17, 2026

​ဟော်မုဇ်ရေလက်ကြားရှိ မိုင်းတွေကို အမေရိကန်စတင်ရှင်းလင်း

April 17, 2026

လွတ်လာသူ ၆၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော်သာပါ

April 17, 2026

ကရင်နီမှာ အကျဉ်းသား ၂၃၀ ကျော်ကို IEC လွှတ်ပေး

April 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page