Border News Agency
မူး၊ ဧပြီ ၁၇။
ပဲခူးတိုင်း၊ မူးမြို့နယ်မှာ KNLA တပ်ရင်းထံ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဧပြီလ ၁၇ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ဆိပ်ကြီးဘုန်းကြီးကျောင်းမှာအထိုင်ချနေတဲ့ ခမရ-၃၅၁ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သားတဦးဟာ KNLA တပ်ရင်း ၈ ထံကို ဧပြီလ ၅ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်လာသူနဲ့အတူ MA-1 ၁လက်၊ ကျည်ဘောက်၅ဘောက်၊ကျည်ဆံ ၁၀၅တောင့်၊အီနာဂါနှစ်လုံးနဲ့ ကျည်ကာတခုပါ ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ချအလင်းဝင်လာတဲ့တပ်သားဟာ ဆန္ဒမပါပဲအတင်းအဓ္ဓမစစ်မှုထမ်းစေခိုင်းခံရတဲ့တပ်သားတဦးဖြစ်ပြီး မူးမြို့နယ်မှ ဆုငွေငါးသိန်းကျပ်ချီးမြင့်ခဲ့ကာ ထိန်းသိန်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းစေခိုင်းခံရတဲ့တပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေမှာ လက်နက်ချအလင်းဝင်ကြဖို့ကိုလည်း ကရင်အမျိုးသားအစည်းအရုံးမှ အသိပေးတိုက်တွန်းထားပါတယ်။






