Border News Agency
လယ်ဒို၊ ဧပြီ ၁၇။
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဧပြီလ ၁၇ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
လယ်ဒိုမြို့နယ်၊၀ါကေဒဲရွာနဲ့ လယ်ဆူခိုရွာ အနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်နေတာကြောင့် အရပ်သားတွေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကိုထာရွာနဲ့ ကဒူးမူဒဲရွာတွေအတွင်းနေထိုင်တဲ့ အိမ်ထောင်စု ၈၄ စုမှ လူဦးရေ ၆၀၂ ဦးခန့်လည်း အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အဲဒီလိုထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကြောင့် အသက်ရှင်နေထိုင်နေကြရပြီး အရေးပေါ်လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေဖြစ်တဲ့ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။















