Border News Agency
မကွေး၊ ဇန်နဝါရီ ၁။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ဒေသတွင်းတနေရာမှာပြုလုပ်ခဲ့ပြီး သင်တန်းကာလနှစ်လနီးပါးကြာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းမှာ သင်တန်းသားလေးဆယ်ဦး တက်ရောက်သင်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမူန်းဖို့အတွက် ဒေသအတွင်းစည်းလုံးညီညွတ်ရေး၊ လေ့ကျင့်တည်ဆောက်ရေးနဲ့ စစ်ရေးဖော်ဆောင်မှုတွေကို အဆက်မပြတ်လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတွေအပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေမှ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။











