Border News Agency
မကွေး၊ ဇန်နဝါရီ ၁။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ကိုးဦးသေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနမှ ဇန်နဝါရီလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆိပ်ဖြူမြို့နယ် ကပစ ၂၂ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်းဓာတ်တိုင်တွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တော်လှန်ရေးတပ်တွေမိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ စစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁ ၊ ပခုက္ကူခရိုင် PDF တပ်ရင်းတွေ၊ ပခုက္ကူခရိုင် အမှတ် ၄ ၊၁၉ တပ်ရင်းတွေဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဆိပ်ဖြူမြို့မှထွက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့သံပြားကာကားတစီးနဲ့ အိမ်စီးကားတစီးကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ပခုက္ကူခရိုင်စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၄ ၊၁၁ ၊ ၁၉ တပ်ရင်းတွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့သလို 79 တလက်၊ MA-1လေးလက်၊ MA-3သုံးလက် နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။












Comments 1
стерилизатор плазменный низкотемпературный [url=https://plazmennyy-sterilizator.ru/]plazmennyy-sterilizator.ru[/url] .