Border News Agency
မကွေး၊ ဇန်နဝါရီလ ၁ ။
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၁၃ သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က တပ်တော်ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြတာ၊ သစ္စာရေသောက်တာ၊ တာ၀န်ရှိသူတွေ ဂုဏ်ပြုအမှာစကားပြောခဲ့သလို ထူးချွန်စစ်သည်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
အဲဒီကျောင်းသားလက်ရုံးတပ်တော်ကိုအာရက္ခတပ်တော်(AA)က စစ်ရေးအကူအညီတွေပေးထားပါတယ်။










