Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး စစ်တွေခရိုင် ဓာတ်ပုံသတင်း ရသေ့တောင်မြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသရှိ ရေသန့်စက်ရုံ ၄၆ ရုံကို စစ်ဆေးရာ ၈ ရုံသာ စံမီကြောင်း FDA ထုတ်ပြန်

ဓာတ်ပုံ - APM

ဓာတ်ပုံ - APM

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
ရသေ့တောင်၊​ဇွန် ၁။

​အာရက္ခဒေသအတွင်းရှိ မြို့နယ် ၉ ခုက ရေသန့်ထုတ်လုပ်နေတဲ့စက်ရုံပေါင်း ၄၆ ရုံကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က မေလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ စံချိန်စံညွှန်းမီတဲ့ ရေသန့်စက်ရုံ ၈ ရုံသာရှိပြီး စံမမီတဲ့စက်ရုံ ၃၈ ရုံအထိ ရှိနေတယ်လို့သိရပါတယ်။

အဲဒီစံမီတဲ့ရေသန့်စက်ရုံ ၈ ရုံကတော့ ကျောက်တော်မြို့နယ်က F-5 နဲ့ Water Star၊ မြောက်ဦးမြို့နယ်က Nie နဲ့ King၊မောင်တောမြို့နယ်က KNN၊ ရသေ့တောင်မြို့နယ်က Thant Myat တို့ဖြစ်ပြီး တောင်ကုတ်မြို့နယ်ကတော့ ရွှေပြည်ရခိုင်နဲ့ Zee Zan Taung ရေသန့်စက်ရုံတို့ ဖြစ်ကြပါတယ်။

နောက်ပြီး​စံမမီတဲ့ ရေသန့်စက်ရုံ ၃၈ ရုံကတော့ကျောက်တော်မှာ ၁၀ ရုံ၊ မြောက်ဦးမှာ ၈ ရုံ၊မောင်တောနဲ့ မင်းပြားမှာ ၄ ရုံစီ၊ မြေပုံနဲ့ တောင်ကုတ်မှာ ၃ ရုံစီ၊ ဘူးသီးတောင်မှာ ၂ ရုံအပြင် ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်တို့မှာ ၁ ရုံစီ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

​အခုလို စံမမီတဲ့ရေသန့်စက်ရုံတွေ များပြားနေရတာဟာ အရင်က အာဏာသိမ်းစစ်တပ်ရဲ့ FDA အနေနဲ့ကွင်းဆင်းစစ်ဆေးမှု အားနည်းခဲ့တာ၊စျေးကွက်အတွင်း စစ်ဆေးမှုကင်းလွတ်တဲ့လုပ်ငန်းတွေ များပြားလာတာနဲ့ လုပ်ငန်းရှင်တွေဘက်က အရည်အသွေးထက် စျေးကွက်ချဲ့ထွင်ဖို့ပဲ အဓိကထားခဲ့ကြတာကြောင့်လို့ FDA တာဝန်ရှိသူက ထောက်ပြထားပါတယ်။

အဲဒီ စံမမီသေးတဲ့ ရေသန့်စက်ရုံတွေကို ပြုပြင်ဖို့အတွက် အချိန် ၆ လ ပေးထားပြီး အဲဒီအတောအတွင်းမှာ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်သလို သတ်မှတ်ကာလအတွင်းပြုပြင်ပြီး စံမီလာရင် စံမီစက်ရုံအဖြစ် ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

​ဒါ့အပြင် FDA အနေနဲ့ သောက်သုံးရေသန့် ထုတ်လုပ်သူတွေ လိုက်နာရမယ့် ရေအမျိုးအစား၊အဆောက်အအုံ၊ စက်ပစ္စည်း၊ ရေသန့်ထုတ်လုပ်မှုနဲ့ အရည်အသွေးထိန်းသိမ်းမှု စတဲ့ စည်းကမ်းချက် ၅ ချက်ကို ထုတ်ပြန်ထားပြီး ပြည်သူတွေအနေနဲ့လည်း စံမီတဲ့ ရေသန့်တွေကိုသာ ရွေးချယ်သောက်သုံးကြဖို့ တိုက်တွန်းထားပါတယ်။

PrevPreviousမြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၇
Nextအမေရိကန်-အီရန်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ကို ဒေါ်နယ်ထရမ့် ပိုတင်းကျပ်Next
Previous Post

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၇

Next Post

အမေရိကန်-အီရန်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ကို ဒေါ်နယ်ထရမ့် ပိုတင်းကျပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

NCA ကနေ ထွက်သွားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ ပြန်ပါလာဖို့ ဆွေးနွေး

June 11, 2026
ဓာတ်ပုံ-BNA

မြန်မာနိုင်ငံမှာ ပြည်သူ ၁၆ သန်းကျော်လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေ

June 11, 2026
ဓာတ်ပုံ - Al Jazeera

အမေရိကန်နဲ့အီရန်ကြား စစ်ရေးတင်းမာမှု မြင့်တက်နေလို့ ဟော်မုဇ်ရေလက်ကြားကို အီရန်ပိတ်ပင်

June 11, 2026

ကမ္ဘာတဝှမ်း လူပေါင်း ၁၁၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

June 11, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page