Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၇

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၁။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

ခ။ကုလသမဂ္ဂ၏လုပ်ငန်းစဉ်မူဘောင်။
B. FRAMEWORK FOR UN ACTION

ကုလသမဂ္ဂ၏လုပ်ငန်းစဉ်များတွင် မြေယာနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးတ ည်ဆောက်မှုကို ဆောင်ရွက်နိုင်သော (Priority Entry Points)များနှင့်အရှိန်အ ဟုန်မြင့်ဆောင်ရွက်နိုင်သော(Catalytic Levers)များအတွက် မဟာဗျူဟာမြော က် ရွေးချယ်မှုများပါရှိရမည်ဖြစ်သည်။

ပဋိပက္ခအပေါ် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ် ဖြင့်ချဉ်းကပ်မှုနှင့် ပဋိပက္ခစက်ဝန်းအားကိုင်တွယ်ရန်အတွက်လည်း မဟာဗျူဟာမြောက်ရွေးချယ်မှုများပါရှိရမည်ဖြစ်သည်။

နိုင်ငံတခုချင်းစီ၏အခြေအနေအတွက် ဝင်ရောက်စွက်ဖက်မှုခိုင်မာအားကောင်းစေရန် ကုလသမဂ္ဂစနစ်များနှင့်ထိုယန္တရားများက ဦးဆောင်မှုများကြောင့် နိုင်ငံရေးနယ်ပယ်နှင့်နည်းပညာနယ်ပယ်တွင် ပူးပေါင်းချမှတ်သော မဟာဗျူဟာများကို အားကောင်းစေရမည်ဖြစ်သည်။

မြေလွှာကြောမြေပုံ၊မြေပေါ်မြေအောက် တည်ရှိသောအရာများ စသည့် (Embedding Land)များနှင့်ပတ်သက် ၍ မူဘောင်များမှာ ကုလသမဂ္ဂ၏ မြေ ပြင်ယန္တရားများတွင် ရှိနေရမည်ဖြစ်သ ည်။

အဆိုပါမူဘောင်များနှင့်ပတ်သက်၍ အရည်အသွေးမြှင့်တင်ခြင်း၊ပူးပေါင်းဆောင်ရွက်မှုခိုင်မာခြင်းများရှိရမည်ဖြစ်သည်။

ထို Embedding land ဆိုင်ရာ မူဘောင်များကို ဖော်ဆောင်သည့်အခါ ကုလသ မဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)နှင့်လည်းကွဲလွဲကောင်း ကွဲလွဲစွာဆောင်ရွက်နိုင်သည်။

ခ.၁။ပဋိပက္ခအပေါ်ခွဲခြမ်းစိတ်ဖြာမှုတွ င် မြေသည်အရေးပါသော အစိတ်အပို င်းတရပ်ဖြစ်သည်ကို သေချာစေခြင်း။
B.1 Ensure Land is an Integral Part of Conflict Analysis။

-ပဋိပက္ခတခုအား ခွဲခြမ်းစိတ်ဖြာသုံးသ ပ်ရာတွင် မြေသည်ပဋိပက္ခနှင့်ဆက်စပ်နေသောရေသောက်မြစ်(Root Causes)လား။ပဋိပက္ခအားအရှိန်မြင့်စေသောကိစ္စ (Drivers)လား။ပဋိပက္ခဖြစ်စေရန် မောင်းခလုပ် (Triggers)လား ဆိုသည်ကို အချက်အလက်ကောက်ယူ ဆန်းစစ်သင့်သည်။

  • မြေယာအား ပဋိပက္ခ၏အစိတ်အပိုင်းတရပ်အဖြစ်သတ်မှတ်ရာတွင် မြေယာပဋိပက္ခ၏ဇစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။

ထိုသို့ခွဲခြမ်းမှုအားနိုင်ငံရေးဆိုင်ရာဆွေးနွေးစေ့စပ်မှုနှင့်အစီအစဉ်ရေးဆွဲမှု
များကို ဖော်ဆောင်ရာတွင် အသုံးပြုသင့်သည်။

  • မြေယာပဋိပက္ခ၏ဇစ်မြစ်အား ခွဲခြမ်း စိတ်ဖြာခြင်း(Root Cause Analysis of Land Issues)။

*ပဋိပက္ခနှင့်ဆက်နွယ်သော မြေယာပြ ဿနာလား။ပဋိပက္ခ၏ဇစ်မြစ်လား။ပ ဋိပက္ခအားစတင်စေသော အချက်လား ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာမှု အစိတ်အ ပိုင်းများ။

၁။ နိုင်ငံရေးအရဖယ်ထုတ်ခြင်းပုံစံ (Politics of Exclusion)မြောက်မှုအချ က်များ။

  • လူများအား ၎င်းတို့နေထိုင်ရာ ရပ်ရွာ (မြေယာနှင့်အိုးအိမ်)မှရွေ့ပြောင်းစေခြင်း။(နိုင်ငံအတွင်းရွေ့ပြောင်းစေခြင်း (သို့မဟုတ်)နိုင်ငံဖြတ်ကျော်ရွေ့ပြောင်းစေခြင်း စသည့်အချက်နှစ်ခုစလုံး အကြုံးဝင်သည်။)

၂။သဘာဝအရင်းအမြစ်နည်းပါးလာမှု (Scarce natural resources) ပုံစံမြော က်မှုအချက်များ။

  • ဦးရေသိပ်သည်းမှု(Population Pressure)မှ ဖြစ်လာသော ရိုက်ခတ်မှုများရှိခြင်း။သဘာဝပတ်ဝန်းကျင် အရ ည်အသွေးနှိမ့်ကျပျက်ယွင်းလာခြင်း၊ မြေယာအရည်အသွေးနိမ့်ကျလာခြင်း၊ ရေအရင်းအမြစ်အပေါ်တွင် အငြင်းပွားမှု ဖြစ်လာခြင်း။

၃။ဦးရေသိပ်သည်းမှု(Population Pressure)ပုံစံမြောက်မှုအချက်များ။

  • လူဦးရေနှင့်မြေယာဆက်စပ်မှု(လူဦးရေပထဝီဝင်)အရ လူဦးရေအရ မြေကိုလိုအပ်လာခြင်း။လူနှင့်မြေအချိုးမညီ မျှခြင်း(Increased land-to-people occupancy ratio)၊မြို့ပြဖြစ်ထွန်းလာခြင်း။မြို့ပြကြီးမားကျယ်ပြန့်လာခြင်း၊ လူငယ်ဦးရေးတိုးပွားနေခြင်း (youth population bulge)။

၄။နိုင်ငံ၏လက်တံခြေတံများမှအုပ်စီးဝါးမြိုမှု(Capture of State Instruments)ပုံစံ မြောက်မှုအချက်များ။

  • လာဘ်စားလာဘ်ယူခြင်း၊အဂတိလိုက် စားခြင်း၊မြေယာဌာနဆိုင်ရာအဖွဲ့အစ ည်းများကို နိုင်ငံခေါင်းဆောင်များမှနိုင် ငံရေးဇတ်သွင်းပေးထားခြင်း၊ဩဇာ အာဏာရှိသောအသိုင်းအဝန်းနှင့်ချမ်း သာကြွယ်ဝသူများမှမြေယာမှတ် ပုံတင်ကိစ္စရပ်များကို အုပ်စီးဝါးမြိုထားခြင်းနှင့်မြေယာဥပဒေအား ၎င်းတို့အကျိုး အမြတ်အတွက် ပုံဖော်ခြင်း။

၅။အသုံးချပိုင်ခွင့် အခွင့်အရေးအပေါ် အားပြိုင်မှု (Competition over use rights)ပုံစံမြောက်မှုအချက်များ။

  • မြေယာနှင့်ဆက်စပ်ပတ်သက်မှုရှိသော သရုပ်သကန်များကိုပိုင်ထားသော အုပ် စုအချင်းချင်းကြား အငြင်းပွားမှုများ၊ ဥပမာ- တိရစ္ဆာန်များကို မွေးမြူ၍ ရွေ့ပြောင်းသွားလာနေသူ(Pastoralists) များနှင့်လယ်သမား(Farmers)များကြား အငြင်းပွားမှုများ။

၆။သဘာဝသယံဇာတကို အလွန်အ ကြူးထုတ်ယူခြင်းနှင့်ရာဇဝတ်ပြစ်မှုမြောက်ခြင်း(Natural Resource Exploitation And Criminality)ပုံစံ မြောက်အချက်များ။

  • လက်နက်ကိုင်ပုန်ကန်မှု၊အာခံတွန်းလှန်မှု(သို့မဟုတ်)ရာဇဝတ်အုပ်စုများက ရံပုံငွေရရှိရန် သဘာဝသယံဇာတအား အလွန်အကြူးထုတ်ယူခြင်း။

၇။ အမျိုးသားနိုင်ငံတော်များကွဲပိုင်း ရှင်သန်ခြင်း(Nation State Fragmentation)ပုံစံမြောက်အချက်များ။

  • နယ်မြေနှင့်ဆက်နွယ်သော သရုပ်သ ကန်အုပ်စုများအနေဖြင့် လှုပ်ရှားလာခြင်း။

၈။ဆင်းရဲမွဲတေမှု၊ဆင်းရဲချို့တဲ့မှု (Poverty)ပုံစံမြောက်မှုအချက်များ။

  • ဆင်းရဲမွဲတေမှု၊မညီမျှမှုနှင့်မြေကိုလက်ရှိလက်ခံရယူခွင့်မရှိခြင်း၊မြေယာဆိုင်ရာအခွင့်အရေးများချို့တဲ့ကန့်သ တ်ခံရခြင်း။

၉။သိမ်းပိုက်အုပ်ချုပ်ထားခြင်း (Occupation of land)ပုံစံမြောက်အချ က်များ။

  • လက်နက်ကိုင်အုပ်စုများကသော်လ ည်းကောင်းသိမ်းယူခြင်း၊နိုင်ငံခြားတပ်ဖွဲ့များကသော်လည်းကောင်း သိမ်းယူခြင်း၊နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ အငြင်းပွားခြင်း စသည့်အချက်များကြောင့် ဖြစ်လာခြင်း။

၁၀။ဥပဒေစနစ်ယန္တရားများ စုံလင်ခြင်း (Plural legal systems)ပုံစံမြောက်မှု၊ဥပဒေအချင်းချင်းပွတ်တိုက်ခြင်း ပုံစံမြောက်မှုအချက်များ။

-ပုဂ္ဂလိကနှင့်နိုင်ငံတော်ကြားတွင် အငြင်းပွားမှု၊(ရပ်ရွာဒေသထုံးတမ်းအရ ပိုင် ဆိုင်မှု၊ဓလေ့ထုံးတမ်းအရပိုင်ဆိုင်မှု၊ဌာနေလူမျိုးစုများ၏ ဒေသန္တရထုံးတမ်းအရ ပိုင်ဆိုင်မှု၊တိရိစ္ဆာန်များကို မွေးမြူ၍လှည့်လည်သွားလာသူ (Pastoralists)များ၏ အစဥ်အလာအရပိုင်ဆိုင်မှု)စသဖြင့် ပိုင်ဆိုင်မှုပုံစံအမျိုးမျိုးဖြင့်အငြင်းပွားခြင်း။

(အငြင်းပွားကြသူများတွင် မြေယာနှင့် သက်ဆိုင်ဆက်နွယ်မှု၊လက်ရှိအသုံးချခွင့်ရမှုတို့နှင့်ပတ်သက်၍ အထောက်အ ထားကိုယ်စီကိုယ်စီရှိနေကြသည်။

ထိုအထောက်အထားများကို ထုတ်ပေးသည့်ဥပဒေများသည်လည်းတည်ဆဲ ကျင့်သုံးဆဲ ဖြစ်နေကြသည်။ထိုအခြေ အနေမျိုးဖြင့် အငြင်းပွားကြခြင်းဖြစ် သည်။)

၁၁။ပါဝါထုတည်အုပ်စုများကြားတွင် စီးပွားရေယဉ်ပြိုင်မှု၊နိုင်ငံရေးယဉ်ပြိုင်မှု(Economic and Political Competition Between Power Blocks)ပုံစံမြောက်မှုအချက်များ။

-နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့်ဒေသ ခံရပ်ရွာ လူမှုအသိုင်းအဝန်းကြား အား ပြိုင်ကြခြင်း။

၁၂။မြေယာစီမံခန့်ခွဲမှု၊အုပ်ချုပ်မှု၊ တ ရားစီရင်ဆုံးဖြတ်မှုနှင့်ဥပဒေမူဝါဒများ ရေးဆွဲရာတွင် အားနည်းချက္များရှိမှု (Weak Land Administration Systems)ပုံစံမြောက်မှုအချက်များ။

-အားနည်းသောနိုင်ငံဖြစ်နေခြင်း၊မြေ ယာမူဝါဒ၊ဥပဒေ၊အင်စတီကျူးရှင်းများ၊မြေယာစီမံခန့်ခွဲမှု၊မြေယာကြီးကြ ပ်မှု၊မြေအသုံးချမှုအစီအစဥ်စနစ်ယ န္တရားများရေးဆွဲမှု၊မြေယာအုပ်ချုပ်ရေးစွမ်းရည်၊မြေယာအုပ်ချုပ်ရေးအ ဆောက်အအုံ စသည့်အချက်များအား လုံးအားနည်းခြင်းနှင့်အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်သော၊ကိုင်တွယ်နိုင်သော စွမ်းရည်ပျောက်ဆုံးခြင်း။

၁၃။သဘာဝဘေးအန္တရာယ်များ (Natural Disaster)ကြောင့် ပုံစံမြောက်အချက်များ။

-သဘာဝဘေးဒဏ်သင့်နေရာမှ လူများနေရာပြောင်းရွေ့ရခြင်း၊ထိုသို့နေရာပြောင်းရွေ့သူများကို နေရာချရာတွင် မြေသိမ်းယူမှုများ ဖြစ်လာခြင်း။

၁၄။မျိုးရိုးစက်ဝန်းတွင်း(သို့မဟုတ် ) မိသားစုစက်ဝန်းတွင်းအကြမ်းဖက်မှု
(Inter-Generational Violence)ပုံစံမြောက်မှုအချက်များ။

  • ကျား/မလိင်ကွဲပြားမှုကိုအခြေခံ၍ အကြမ်းဖက်ခြင်း၊မိသားစုအတွင်းအမွေ၊ဘုံပိုင်မြေယာကိစ္စများတွင် အားပြိုင်ကြခြင်း၊ထိုသို့အားပြိုင်ရာတွင် ကျား/မ တန်းတူအခွင့်အရေးကို အသိအမှတ်မပြုခြင်း။

၁၅။ ပုံမကျပန်းမကျ မြို့ပြဖြစ်ထွန်းခြင်း(Chaotic urbanization)ပုံစံမြောက်မှုအချက်များ။

  • ရပ်ရွာနယ်မြေတခုအတွင်းသို့ အစုအပြုံလိုက်အပြင်မှလူများဝင်ရောက်လာသောအခါ ဝင်လာသူများအတွက် မြေယာများ၊အိုးအိမ်များ၊အခြေခံအဆောက်အအုံများလိုအပ်လာခြင်း။ထိုသို့လို အပ်လာသောအခါ ပုံပန်းမကျမြို့ပြများဖြစ်လာခြင်း။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousပုံတောင်နတ်ထိပ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က ၈၀ ကျော် သေဆုံး
Nextအာရက္ခဒေသရှိ ရေသန့်စက်ရုံ ၄၆ ရုံကို စစ်ဆေးရာ ၈ ရုံသာ စံမီကြောင်း FDA ထုတ်ပြန်Next
Previous Post

ပုံတောင်နတ်ထိပ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က ၈၀ ကျော် သေဆုံး

Next Post

အာရက္ခဒေသရှိ ရေသန့်စက်ရုံ ၄၆ ရုံကို စစ်ဆေးရာ ၈ ရုံသာ စံမီကြောင်း FDA ထုတ်ပြန်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံကြံရာပါမလုပ်ဖို့ JFM တောင်းဆို

July 16, 2026

ဘန်ကောက်မှာ မူးယစ်ဆေးဝါးရောင်းတဲ့ မြန်မာအမျိုးသားတဦး ဖမ်းဆီးခံရ

July 16, 2026

အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးဖို့ ကြိုးပမ်းမှုအပေါ် APHR သတိပေး

July 16, 2026
ဓာတ်ပုံ - APM

မင်းပြားရေဘေးသင့်ပြည်သူတွေကို အာရက္ခအစိုးရဆေးကုပေး

July 16, 2026

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

Releated Post

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

July 15, 2026
​ဓာတ်ပုံ - ကဒါးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

July 15, 2026

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 15, 2026

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

July 15, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

July 15, 2026

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

July 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page