Border News Agency
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။
နိုင်ငံတကာတရားရုံး (ICJ) မှာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို သွားရောက်ချေပနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတဲ့ပွဲတခုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဇန်နဝါရီလ ၂၇ ရက်၊ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပွဲကို စစ်တပ်ဩဇာခံမဘသအဖွဲ့က ဦးသုစိတ္တနဲ့ ဝင်းကိုကိုလတ်တို့က ဦးဆောင်ခဲ့တာဖြစ်ပြီး လူအင်အားအချို့နဲ့ စုဝေးခဲ့ကြတာပါ။















