Border News Agency
စစ်ကိုင်း၊ ဇူလိုင် ၉။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တော်ဝင်ဒေါင်းတပ်ရင်းက တပ်ဖွဲ့စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်ပြုချက်မရှိဘဲ တပ်ကနေထွက်ခွာသွားတဲ့ တပ်ဖွဲ့ဝင်အချို့ကို တပ်ပြေးအဖြစ် တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဖွဲ့အစည်းတခုမှာ စည်းကမ်းဟာ အသက်သွေးကြောဖြစ်ပြီး တာဝန်ယူမှုနဲ့ သစ္စာစောင့်သိမှုဟာ ရဲဘော်တဦးရဲ့အမြင့်ဆုံးတန်ဖိုးဖြစ်ပေမဲ့ အခုလိုတာဝန်ကို လျစ်လျူရှုပြီး ခွင့်မဲ့ထွက်ခွာတာဟာ စည်းကမ်းချိုးဖောက်မှုဖြစ်သလို ရဲဘော်တဦးရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားတဲ့တပ်ဖွဲ့ဝင်တွေကို တပ်ပြေးအဖြစ်သတ်မှတ်လိုက်ပြီး သက်ဆိုင်ရာစစ်ဥပဒေတွေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ တော်ဝင်ဒေါင်းတပ်ရင်းက အသိပေးထားပါတယ်။










