Border News Agency
ဝက်လက်၊ ဇန်နဝါရီ ၂၈။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြပွဲမှာ ”ငါတို့မဲမပေးခဲ့” Hand Banner တွေကိုင်ဆောင်ပြီး ဇန်နဝါရီလ ၂၇ရက်နေ့က ဝက်လက်မြို့နယ်မှာ Photo Campign ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် ”တိတ်ဆိတ်ခြင်းက တခါတလေမှာ အကျယ်လောင်ဆုံး အော်ဟစ်သံပဲ။ ငါတို့ရဲ့ ဆန္ဒမဲဆိုတာ ခေါင်းစဉ်တပ်ရုံသက်သက် မဟုတ်ဘူး။ ငါတို့ရဲ့ အနာဂတ်၊ ငါတို့ရဲ့ ယုံကြည်ချက်။ အဲဒီယုံကြည်ချက်ကို ရောင်းစားမယ့်ပွဲမှာ ငါတို့ ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်။”လို့ အော်ဟစ် ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။















