Border News Agency
မင်းကင်း၊ ဇူလိုင် ၁၄။
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘော၊ ရေယာဉ်အုပ်စု၊ အထိုင်စခန်းနဲ့ ယာဉ်တန်းတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူများပြားခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဇူလိုင်လ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်နဲ့ ရိက္ခာသယ်လာတဲ့ စစ်သင်္ဘောတွေ၊ ဘန်ကာတွေနဲ့ ဂျန်မာတပ်ထားတဲ့ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက FPV အသေခံဒရုန်းတွေ၊ RPG တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဆီကနေ Drone Gun အပါအဝင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အံဒီတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ကလေးခရိုင် PDF တပ်ရင်း ၇၊ ၈၊ ၉၊ ၁၀၊ ၁၁ နဲ့ မင်းကင်းမြို့နယ် ပကဖ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
























