Border News Agency
ထိုင်း၊ဇူလိုင် ၂၃။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ပရာတူနမ်ဧရိယာရှိဈေးဝယ်စင်တာတွေမှာစစ် ဆေးခဲ့ရာခွင့်ပြုထားတာထက်ပိုလုပ်နေတဲ့ မြန်မာနှစ်ဆယ့်ခုနစ်ဦးနဲ့တခြားနိုင်ငံသားရှစ်ဦးကို အရေးယူခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန က ဇူလိုင်လ ၂၂ ရက်နေ့ထုတ်ပြန်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၂၁ ရက်နေ့က ပရာတူနမ်ဧရိယာရှိ Platinum Fashion Mall နဲ့ Indra Square ဈေးဝယ်စင်တာတွေကို သွားစစ်ခဲ့တာပါ။
စစ်ဆေးချက်အရ ခွင့်ပြုထားတဲ့ အလုပ်အကိုင်ပြင်ပမှာ လုပ်ကိုင်နေတဲ့ မြန်မာ နှစ်ဆယ့်ခြောက်ဦးနဲ့ လာအို တဦး၊အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေတဲ့မြန်မာ တဦး၊အိန္ဒိယ သုံးဦး၊ပါကစ္စတန် သုံးဦးနဲ့ တရုတ်တဦး တွေ့ခဲ့ပါတယ်။
ဖမ်းဆီးခံရသူအားလုံးကို ၂၀၂၇ ခုနှစ် နိုင်ငံခြားသားအလုပ်သမားတွေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ရှစ်နဲ့ ပုဒ်မ ၁၀၁တို့နဲ့အညီအရေးယူထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ပါတယ်။












