Border News Agency
မလေးရှား၊ ဇူလိုင် ၂၈။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကူလိုင်းမြို့မှာ ဇူလိုင်လ ၂၈ ရက်၊ ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က မြန်မာသုံးဆယ့်ခုနှစ်ဦးအပါအဝင် နိုင်ငံခြားသားငါးဆယ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေမှာ မြန်မာအမျိုးသားသုံးဆယ့်တဦး၊ မြန်မာအမျိုးသမီးခြောက်ဦး၊ အင်ဒိုနီးရှားဆယ်ဦး၊ ဘင်္ဂလားဒေ့ရှ်နှစ်ဦးနဲ့ ဗီယက်နမ်တဦးတို့ပါဝင်ကြပါတယ်။
သူတို့ဟာ အသက်ဆယ့်ရှစ်နှစ်မှ လေးဆယ်နှစ်ဝန်းကျင်အတွင်းရှိကြပြီး တရားဝင်ခရီးသွားလာခွင့်စာရွက်စာတမ်းမရှိတာနဲ့ ခွင့်ပြုထားတဲ့ သက်တမ်းထက် ပိုမိုနေထိုင်တာစတဲ့ ဥပဒေတွေကို ချိုးဖောက်ထားသူတွေဖြစ်ပါတယ်။
ဖမ်းဆီးခံရသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့ Setia Tropika ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပါတယ်။












