Border News Agency
ဧရာဝတီ၊ သြဂုတ် ၁။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်သူတွေ အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ဧရာဝတီကရင်လူငယ်များအဖွဲ့က သြဂုတ်လ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ကျေးရွာတွေအတွင်း ရေဝင်ရောက်ကာ ဒေသခံပြည်သူတွေအရေးပေါ် ရွှေ့ပြောင်းနေရတာကြောင့် အကူအညီတွေလိုအပ်နေတာပါ။
အဲဒီငဝန်မြစ်ရေကာဟာဇူလိုင်လ ၃၀ ရက်၊ ညပိုင်းကတာကျိုးပေါက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေသို့ ယာယီရွှေ့ပြောင်းထားရသူတွေကို ရေထပ်မံမြင့်တက်လာလို့ ဘေးလွတ်ရာသို့နောက်ထပ်ရွှေ့ပြောင်းနေရတာ ဖြစ်ပါတယ်။
အဲဒီရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေသန့်နဲ့ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ စက်လှေတွေနဲ့စက်သုံးဆီတွေလည်း အကူအညီလိုအပ်နေတယ်လို့ဆိုပါတယ်။














