Border News Agency
စက်တင်ဘာ ၂။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင်ကိုး ဦးသေဆုံးသွားခဲ့ပါတယ်။
မော်ချီးဒေသ၊ ဆုတောင်းတောင်၊ ကျောက်ကြားရပ်ကွက်ကို စက်တင်ဘာလ ၁ ရက်၊ ညနေပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ နမ့်ဆန်လေတပ်တက်လာတဲ့တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သားကိုးဦးသေဆုံးပြီး ခြောက်ဦးထက်မနည်းဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသေဆုံးခဲ့သူတွေထဲ ကလေးငယ်လေးဦးနဲ့အတူ လူကြီးငါးဦးပါဝင်ပြီး ဒဏ်ရာရသူခြောက်ဦးထက်မနည်းရှိခဲ့သလို သေဆုံးသူတွေထဲမှာမိသားစုလိုက်သေဆုံးတာတွေလည်းရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာတော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေရှိ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လေကြောင်း၊ လက်
နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။






















