Border News Agency
နီပေါ၊စက်တင်ဘာ ၂။
နီပေါနိုင်ငံ၊ ရဆူဝါခရိုင်ရှိ ဘိုတေကိုရှီမြစ်ကြောင်းတလျှောက်ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုပြင်းထန်တဲ့ရေဘေးကြောင့် ပျောက်ဆုံးနေသူတွေရဲ့ ဓာတ်ပုံတွေကို မဟာရာဇ်ဂန့်ဂျ်မှာရှိတဲ့ သင်ကြားရေးဆေးရုံနံရံတွေမှာ လာရောက်ကပ်ထားကြပါတယ်။
မိသားစုဝင်တွေနဲ့ဆွေမျိုးအသိုင်းအဝိုင်းဟာ ပျောက်ဆုံးနေသူတွေကိုရှာဖွေနိုင်ဖို့အတွက် ကိုယ်ရေးအချက်အလက်တွေ၊ ဆက်သွယ်ဖို့ဖုန်းနံပါတ်တွေနဲ့ဓာတ်ပုံတွေကို ဆေးရုံနံရံတွေမှာလာရောက်ချိတ်ဆွဲထားကြတာဖြစ်ပါတယ်။
ဒီဘိုတေကိုရှီရေဘေးအန္တရာယ်ကြောင့် လက်ရှိအချိန်အထိလူပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ပြီး ဆွေမျိုးတိုင်ကြားထားသူတွေနဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေအပါအဝင် ရေအားလျှပ်စစ်လုပ်သားတွေပါ ပျောက်ဆုံးနေတဲ့အထဲမှာပါဝင်နေပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေဟာ ဆေးရုံဆီလာရောက်ပြီး ရုပ်အလောင်းစိစစ်တာတွေ၊ သတင်းအချက်အလက်စုံစမ်းတာတွေနဲ့ ဓာတ်ပုံတွေလာရောက်ကပ်ထားကြတာကြောင့် ဆေးရုံနံရံတခုလုံးပျောက်ဆုံးသူဓာတ်ပုံတွေနဲ့ ပြည့်နှက်နေပါတယ်။



















