Border News Agency
ဧရာဝတီ၊ စက်တင်ဘာ ၂။
ဧရာဝတီတိုင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်အစပ်မှာ သြဂုတ်လ ၃၁ ရက်နေ့ကရေဘေးအလှူသွားတဲ့ စက်လှေတစီးမှောက်လို့ လူသုံးဦးသေဆုံးခဲ့ပါတယ်။
အဲဒီရေကြည်မြို့နယ်ကနေ လေးမျက်နှာမြို့နယ်ဘက်ကို အလှူသွားတဲ့စက်လှေဟာ ကြပ်ကွင်းရွာအနီးမှာရေစီးကြမ်းတာနဲ့ ဝန်ပိတာကြောင့် မှောက်သွားတာဖြစ်ပါတယ်။
စက်လှေမှောက်လို့ရေစီးနဲ့မျောပါသွားတဲ့ အမျိုးသားသုံးဦးရဲ့ရုပ်အလောင်းတွေကို စက်တင်ဘာလ ၁ ရက်၊မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
ခုလက်ရှိမှာ ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတနဲ့ ငါးသိုင်းချောင်းစတဲ့မြို့နယ်တွေမှာ ရေဘေးကြောင့်သေဆုံးသူ တဆယ့်ငါးဦးထက်မနည်းရှိလာပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။




















