Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး အင်တာဗျူး အာရက္ခဒေသ

“ထမင်းငတ်မှာကိုပဲ စိုးရိမ်နေတာပါ။တို က်ပွဲတွေတော့ အဲဒီလောက်ကြောက်ရွံ့မှုမရှိတော့ပါဘူး။”

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး

အရပ်သားပြည်သူတွေကို မြို့တွင်းထဲ အတင်းအဓမ္မသွင်းပြီး ပိတ်လှောင်ထားတဲ့ စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့မှာ လူဦးရေသောင်းချီရှိနေပါသေးတယ်။

အဲဒီစစ်တွေမြို့ကပြည်သူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်မကိုင်မရှိတာ၊ အကူအညီမရတော့တာမို့ အငတ်ဘေးနဲ့ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ဒေသကွက်ကဲမှုစစ် ဌာနချုပ်(ဒစက) အထိုင်ချထားပြီး အစိုးရအဖွဲ့ဝင်တွေနေထိုင်တဲ့ စစ်တွေမြို့ကို အဝင်အထွက်ပိတ်ထားပါတယ်။

စစ်တွေကနေ ရန်ကုန်သို့ လေယာဉ်နဲ့သွားလာနိုင်တဲ့ လမ်းကြောင်းသာ ဖွင့်ထားပြီးကုန်းလမ်း၊ရေလမ်းအားလုံးကို တင်းကြပ်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်တွေမြို့မှာစစ်ဘေးရှောင်တွေအပါအဝင်အရပ်သားပြည်သူတွေဟာအငတ်ဘေးနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုကြပါတယ်။

အဲဒီအကြောင်းတွေအပါအဝင် စစ်တွေမြို့အခြေအနေကို စစ်ဘေးရှောင်အမျိုးသမီးတွေက Border News Agency ကို ပြောပြထားပါတယ်။

စစ်တွေမြို့မှာ ဘယ်လိုအခြေအနေတွေရှိနေပါသလဲ။ ဘာတွေဖြစ်ပျက်နေပါသလဲ။ စစ်ဘေးရှောင်အမျိုးသမီးက သူမတို့တွေ့မြင်ခံစားနေကြရတာတွေကို ပြောပြထားပါတယ်။

“ပစ်ခတ်တာတွေကနည်းနည်းပါးပါး။ ခုတော့အေးဆေးပါပဲ။ စနေ၊ တနင်္ဂနွေဆိုရင်တော့အလှူရှင်တွေ ဘာတွေရှိရင် နို့ဆီဗူးငါးလုံးရတဲ့သူကရတယ်။ လေးလုံးရတဲ့သူကရတယ်။ တပတ်မှာ အဲဒီလိုသွားထုတ်ကြပါတယ်။

ထမင်းဆိုရင်လည်း ရပ်ကွက်တွေမှာသုံးရက်တခါ၊ လေးရက်တခါသုံးနာရီလောက်ဆိုရင် ထမင်းထုတ်တွေဝေပါတယ်။ ဟင်းနည်းနည်း၊ငါးနည်းနည်းနဲ့အဲဒီလိုပဲနှစ်သုတ်ခွဲနေကြပါတယ်။

အိမ်ခြေတွေလည်း တရာကျော်ရှိပါတယ်။ ကျောင်းပေါင်းလည်းငါးဆယ်နဲ့နှစ်ကျောင်းရှိပါသေးတယ်။

ပုံမှန်ကမရပါဘူး။ တခါတလေတော့ရပါတယ်။ ဒါပေမယ့် လတိုင်းလတိုင်းမရပါဘူး။

အရင်တုန်းကဆိုရင်တော့ တကိုယ်ရည်သုံးပစ္စည်းတွေလည်းရပါတယ်။ထော က်ပံ့ကြေးငွေတွေလည်းရပါတယ်။ ဆန်တွေထုတ်ရင်လည်းပေးပါတယ်။ ခုတော့ပြတ်သွားပါတယ်။ အရင်တုန်းကလိုအဆင်မပြေတော့ပါဘူး။ လာပေးကြတဲ့လူတွေလည်း လာမပေးတော့ပါဘူး။ ဒုက္ခသည်တွေများသွားလို့ထင်ပါတယ် ။

တကိုယ်ရည်သုံးပစ္စည်းကတော့ သွားတိုက်တံတွေ၊သွားတိုက်ဆေးတွေ၊ဖိနပ်ကအစအကုန်ပါပါတယ်။ရတာတော့ တလ၊နှစ်လ၊သုံးလလောက်ပဲရှိပါသေးတယ်။တယောက်ကိုနှစ်လုံးကျဆန်တတောင်း၊ပိုက်ဆံနှစ်သောင်းစီပေးပါတယ်။

ဘယ်လိုစားနေကြမလဲ သူတခေါက်ကိုယ်တခေါက်အဲဒီလိုရှာစားကြရပါတယ်။မနက်စာစားရင် ညနေစာမစားရ၊ညနေစာစား မနက်စာမစားရ အဲဒီလိုပဲနေကြရပါတယ်။

အဆင်မပြေဆိုရင်တော့ ကျောင်းကအရှင်ဘုရားဆီက ဆန်တပြည်၊ နှစ်ပြည်အဲဒီလိုအလှူခံပါတယ်။

ကျွန်မတို့မှာမိသားစုတော့ဒီမှာဆိုလေးယောက်ရှိပါတယ်။အမေ့အသက်က တော့ခုနှစ်ဆယ်ခုနှစ်နှစ်တယောက်ပါပါတယ်။ အမျိုးသားကတော့လေးဆယ်နှစ်နှစ်၊ကျွန်မလည်းလေးဆယ်နှစ်နှစ်ဖြစ်ပါတယ်။ ကိုယ်ရင်တပါးဝတ်ထားပါသေးတယ်။ သူကတော့ဆယ့်နှစ်နှစ်ပါ။ အဲဒီကိုယ်ရင်လေးတောင် ခုနေမကော င်းဖြစ်နေပါတယ်။ဆေးခန်းတွေပြမယ်ဆိုရင်တော့ အရင်ကဆိုကျောင်းမှာခုနှစ်ရက်မှာတခါကြက်ခြေနီအသင်းကရောက်ပါတယ်။ အလကားပါ။ သူတို့ရောက်တဲ့အချိန်နဲ့ဖျားနာတဲ့အချိန်ကကွက်တိမကျတော့အရေးပေါ်သွားမပြသေးတာပါ။သွားစာရိတ်တွေကတော့ကုန်ပါတယ်။ ဆေးခန်းသွားတာက တော့မကုန်ပါဘူး။ ဒါပေမယ့် အဲဒါတွေနဲ့မသက်သာလို့အပြင်ကဆေးဝယ်တိုက်နေပါတယ်။

နေထိုင်ရေးကတော့အဆင်ပြေပါတယ် ။ခုလောလောဆယ်မှာတော့ ထင်းတွေကတော်တော်ရှားပါတယ်။ထမင်းတချ က်စာထင်းတစည်းကိုနှစ်ထောင်နဲ့လေးရာဖြစ်နေပါပြီ။နှစ်ထောင်နဲ့လေးရာ၊ သုံးထောင်နီးပါးထိဖြစ်ပြီး။ တပြည်လောက်ချက်ရင်သုံးထောင်လောက်ကုန်ပါတယ်။

ကျွန်မတို့ရွာတွေမှာဆိုအိမ်တွေမှာလူမရှိလို့ အိမ်တွေကဖြိုပြီးရောင်းတဲ့ဟာတွေပါ။ကျွန်မတို့ရွာကိုမသွားဖြစ်တာတနှစ်ကျော်ရှိပါပြီ။အိမ်ပြန်သွားရင်လည်းကျွန်မတို့နေခဲ့တဲ့အိမ်နေရာကိုမှတ်မိတော့မှာမဟုတ်ပါဘူး။ကျွန်မတို့မှာအိမ်တွေမပြောနဲ့ဝတ်ဖို့အဝတ်တော င်မရခဲ့ပါဘူး။

ကျွန်မတို့ရွာမှာဆိုအရှေ့ဘက်တန်းကအိမ်တွေတအိမ်မှမရှိတော့ပါဘူး။ကျွန် မတို့နေတဲ့အိမ်ဘက်မှာဆိုခြောက်ဆယ့်သုံးအိမ်သာရှိပါတယ် ခြောက်ဆယ့်သုံးဆောင်မှာဆို ခြောက်ဆယ့်နှစ်အိမ်ပါသွားပါတယ်။တအိမ်ထဲကျန်နေခဲ့တာဖြစ်ပြီး ကျန်ခြောက်ဆယ့်နှစ်အိမ်ကတော့မရှိတော့ပါဘူး။အိမ်တွေကိုဘော်ဒူစက်နဲ့ဖြိုလိုက်ပြီး အကောင်းတွေကိုယူသွားပါတယ်။အိမ်တွေကမရှိတော့ပါဘူး။ကျွန်မတို့ရွာမှာပဲမရှိတာမဟုတ်ပါဘူး။ဘေးနားကရွာဟောင်းတို့ရွာသစ်တွေမှာလည်းမရှိတော့ပါဘူး။

ကျွန်မတို့ဘက်မှာဆိုဘုန်းကြီးတွေမှာသံနဲ့ပြုလုပ်ထားတဲ့တံခါးတွေတောင်မရှိတော့ပါဘူး။စိုးရိမ်နေတာကတော့ ထမင်းငတ်မှာကိုပဲစိုးရိမ်နေတာပါ။ တိုက်ပွဲတွေတော့အဲဒီလောက်ကြောက် ရွံ့မှုမရှိတော့ပါဘူး။ ဖြစ်ရင်လည်းဖြစ်ပါစေတော့။ထမင်းငတ်မှာကိုပဲကျွန်မတို့ကကြောက်ပါတယ်။ရောက်တုန်းကဆိုဘာတခုမှမဝေဖန်နိုင်ပါဘူး။

သားတယောက်ရှိတာလည်းအမျိုးသားဆီပါသွားပါတယ်။သားကိုချစ်တဲ့စိတ်နဲ့မဝတ်နိုင်မစားနိုင်။ကိုယ့်မှာလည်းစားဖို့သောက်ဖို့ကလည်းမပါဘူး။ဘာမှလုပ် စားမတတ်ဘူး။ကယ်ဆယ်ရေးတွေပေးမှစားရတယ်။ဒီတော့ဆန်ကုန်သွားရင်ဝယ်ချက်ဖို့ကငွေမရှိ။အဲဒီလိုအခက်အ ခဲတွေတော်တော်ကြုံခဲ့ရပါတယ်။ထမ င်းချက်ရင် ဟင်းချက်ဖို့မရှိ။အဲဒီလိုအခက်အခဲတွေတော်တော်ကြုံခဲ့ရပါတယ်။

ကျွန်မကပိုပြီးစိတ်ဒဏ်ရာရပါတယ်။ မိသားစုကဟိုမှာတယောက်၊ ဒီမှာတယောက်။ ဖုန်းအဆက်အသွယ်လည်းမရပါဘူး။ တခါတလေကျရင် စိတ်တွေကစားလို့မပျော်။ အိပ်လို့လည်းမပျော်ဖြစ်နေပါတယ်။ စိတ်တွေတော်တော်လေးဒဏ်ရာရနေတာပါ။ ညကိုးနာရီဆိုတာနဲ့ဘယ်မှမသွားရပါဘူး။ မြို့ထဲတွေဆိုသွားရပြီး။မသွားလာရတဲ့နေရာတွေလည်းရှိပါတယ်။ ဆတ်ရိုးကျတံတားဘက်တွေကိုလဲမသွားရတော့ပါဘူး။ တလမှာတခါလာစစ်ဆေးပါတယ်။

ဒီမှာဘာဖြစ်နေဆိုတာဘယ်သူမှမသိလို့ အဆက်သွယ်တွေလည်းတော်တော်မရပါဘူး။

တခါတလေကျရင် အိပ်မပျော်ဘဲဖြစ်နေပြီ။ ဒီကိစ္စ၊ ဒီပြဿနာတွေကဘယ် တော့မှပြီးဆုံးမလဲဆိုပြီးစိတ်တွေပေါ်လာပါတယ်။

စားရေးသောက်ရေးတွေကို စဉ်းစားရတာကတမျိုး၊ သားသမီးတွေဘယ်လိုရှိနေမလဲဆိုတာစဥ်းစားရတာတမျိုး။ပြီးတော့မကျန်းရေးမမားရေးဖြစ်လာရင် ပိုက်ဆံတွက်တွေးပူရတာတမျိုး။ အဲဒီလိုတွေအမျိုးမျိုးအဖုံဖုံစဉ်းစားရပါသေးတယ်။”

PrevPrevious“ရခိုင်ပြည်သူတွေရဲ့အိပ်မက်က ပိုရှိလာပါမယ်။”
Nextပြေးစရာမြေမရှိ၊ စားစရာဆန်မရှိတဲ့မြို့ တော်စစ်တွေက ပိတ်လှောင်ခံပြည်သူတွေNext
Previous Post

“ရခိုင်ပြည်သူတွေရဲ့အိပ်မက်က ပိုရှိလာပါမယ်။”

Next Post

ပြေးစရာမြေမရှိ၊ စားစရာဆန်မရှိတဲ့မြို့ တော်စစ်တွေက ပိတ်လှောင်ခံပြည်သူတွေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ပြည်သူလူထုဝေဖန်မှုတွေကြား နောက်လှည့်မရတဲ့စံတန်ဖိုးမျှော်လင့်ချက်

April 30, 2026

​စစ်ပွဲကြားအီရန်ရဲ့ခရစ်ပတိုငွေကြေး ဒေါ်လာ သန်း ၃၄၀ ကျော်ကို အမေရိကန် ပိတ်ဆို့

April 30, 2026
ဓာတ်ပုံ - NUG

စစ်ကော်မရှင်တပ်ဆီနည်းပညာနဲ့ လက်နက်စီးဆင်းမှု ဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

April 30, 2026

​အီရန်နဲ့ဆွေးနွေးပွဲတွေရပ်တန့်နေချိန်မှာ ဒေါ်နယ်ထရန့်က သတိပေးချက်တွေထုတ်ပြန်

April 30, 2026

​စစ်ပွဲကြားအီရန်ရဲ့ခရစ်ပတိုငွေကြေး ဒေါ်လာ သန်း ၃၄၀ ကျော်ကို အမေရိကန် ပိတ်ဆို့

စစ်ကော်မရှင်တပ်ဆီနည်းပညာနဲ့ လက်နက်စီးဆင်းမှု ဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

မလေးရှားရောက်အလုပ်သမားတွေခွင့်ပြန်ဖို့ သံရုံးထောက်ခံစာထုတ်ပေးမယ်

​အီရန်နဲ့ဆွေးနွေးပွဲတွေရပ်တန့်နေချိန်မှာ ဒေါ်နယ်ထရန့်က သတိပေးချက်တွေထုတ်ပြန်

ကျင်ဒွေးကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၉ ဦးသေဆုံး

​ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး ၂ သန်းကျော် ဖမ်းမိ

Releated Post

​စစ်ပွဲကြားအီရန်ရဲ့ခရစ်ပတိုငွေကြေး ဒေါ်လာ သန်း ၃၄၀ ကျော်ကို အမေရိကန် ပိတ်ဆို့

April 30, 2026
ဓာတ်ပုံ - NUG

စစ်ကော်မရှင်တပ်ဆီနည်းပညာနဲ့ လက်နက်စီးဆင်းမှု ဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

April 30, 2026

မလေးရှားရောက်အလုပ်သမားတွေခွင့်ပြန်ဖို့ သံရုံးထောက်ခံစာထုတ်ပေးမယ်

April 30, 2026

​အီရန်နဲ့ဆွေးနွေးပွဲတွေရပ်တန့်နေချိန်မှာ ဒေါ်နယ်ထရန့်က သတိပေးချက်တွေထုတ်ပြန်

April 30, 2026
ဓာတ်ပုံ - ချင်းပြည်သူ့အစည်းအရုံး

ကျင်ဒွေးကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၉ ဦးသေဆုံး

April 30, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

​ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး ၂ သန်းကျော် ဖမ်းမိ

April 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page