Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

ပြည်သူလူထုဝေဖန်မှုတွေကြား နောက်လှည့်မရတဲ့စံတန်ဖိုးမျှော်လင့်ချက်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
59
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၃၀။

အာရက္ခပြည်သူလူထုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က တော်လှန်ရေးအပါအဝင်နိုင်ငံရေး၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံပေးဆပ်ခိုင်းလိုပုံရပါတယ်။

အရင်ကာလတွေတုန်းက ULA/AA အပေါ် အာရက္ခပြည်သူလူထုဟာ “ငါတို့ရဲ့ အဖွဲ့အစည်း၊ငါတို့ရဲ့နိုင်ငံတော်” ဆိုပြီး ရင်းနှီးမြှုပ်နှံထားတဲ့ပုံစံနဲ့အားပေးထောက်ခံမှုခိုင်ခိုင်မာမာရှိနေခဲ့ကြပေမယ့် လက်ရှိမှာတော့ ပိုမိုပေးဆပ်ခိုင်းချင်ပုံပါ။

အသက်၊ ချွေး၊ သွေး၊ ဘဝ၊ အချိန်ဆိုတဲ့အရင်းအနှီးတွေကို ပြည်သူလူထုက U LA/AA အပေါ် ပေးတာပဲဖြစ်ဖြစ်၊ ULA/AA ကပဲ ပြည်သူလူထုဆီက တောင်းဆိုရယူတာပဲဖြစ်ဖြစ် ဒါဟာ လူထုဘက်ကို ULA/AA ဆီကနေ “အမြင့်ဆုံးစံနှုန်း” ကို မျှော်လင့်ခိုင်းလိုက်တာနဲ့တူပါတ ယ်။

ဘာကြောင့်လဲဆိုရင် ပေးရတဲ့အရင်းအနှီးကလည်း ပြည်သူလူထုအနေနဲ့ကြည့်ရင် များလွန်းအားကြီးလွန်းလို့ပါပဲ။

အဲလိုပေးဆပ်ရတဲ့အရင်းအနှီးကြီးလာတဲ့အခါ ULA/AAအပေါ် ပြည်သူလူထုဟာ ပိုပြီးနက်ရှိုင်းလေးလံဖိစီးတဲ့ နိုင်ငံရေးအမှန်တရားနဲ့ချဉ်းကပ်လာမှာလည်း မြေကြီးလက်ခတ်မလွှဲပါဘူး။

ပြည်သူလူထုရဲ့ချဉ်းကပ်မှုအပေါ် ULA/AA အနေနဲ့ “သတင်းမီဒီယာတွေကိုထိန်းချုပ်ဖို့၊ လူထုအသံတိတ်စေဖို့”ဆိုတဲ့ လမ်းကြောင်းနဲ့သာ တုန့်ပြန်နေမယ်ဆိုရင် ကိုယ့်အပေါ် ပြည်သူလူထုယုံကြည်မှုကင်းမဲ့သွားအောင် လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။

မြန်မာနိုင်ငံရေးမှာ တချို့အဖွဲ့အစည်းတွေဟာ”တော်လှန်ရေးအဖွဲ့”အဖြစ်နဲ့ပဲ ရပ်တည်နေချိန်မှာ ULA/AA ဟာ”အစိုးရ”အဖြစ် တည်ဆောက်နေတာပါ။

“ကိုယ်ပိုင်အုပ်ချုပ်ရေး”အကောင်အထည်ဖော်မှု “အစိုးရယန္တရား” တည်ဆောက်မှု(Institutionalization)ဖြစ်စဉ်ထဲကို ULA/AA တိုးဝင်လာနေပါတယ်။

အစိုးရဆိုတာ ပြည်သူလူထုရဲ့ခံစားချက်နဲ့သတင်းမီဒီယာတွေရဲ့စောင့်ကြည့်တာကို မလွှဲမရှောင်သာလက်ခံရပါမယ်။

သတင်းမီဒီယာတွေကို ဖိနှိပ်တဲ့အစိုးရဟာ “အာဏာရှင်အစိုးရ” ဖြစ်ပြီး သတင်းမီဒီယာတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့အစိုးရမှသာ “ဒီမိုကရေစီဆန်တဲ့အစိုးရ” ဖြစ်ပါတယ်။

ULA/AA ဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်မယ့်အဖွဲ့အစည်းလို့ယူဆရပါတယ်။

အဲဒီတော့ မိမိအပေါ် ဝေဖန်မှုတွေကို ULA/AA ဟာ “အစိုးရတရပ်ရဲ့ မဖြစ်မနေရင်ဆိုင်ရမယ့်တာဝန်” အဖြစ်ပဲ သတ်မှတ်နိုင်လိမ့်မယ်လို့ပဲယူဆရပါတယ်။

ဝေဖန်ထောက်ပြအဖြေရှာတဲ့ “နိုင်ငံရေးယဉ်ကျေးမှု(Political Culture)”

ပြည်သူလူထုကို ULA/AAက တော်လှန်ရေးအပါအဝင်နိုင်ငံရေး၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံပေးဆပ်ခိုင်းလိုက်တာဟာ တဖက်မှာ အာရက္ခပြည်သူလူထုကို “မေးခွန်းထုတ်တတ်သူတွေ” ဖြစ်အောင် ULA/AA ကို ယ်တိုင်ဖန်တီးပေးလိုက်တာနဲ့တူပါတယ်။

အရင်တုန်းကဆိုရင် “ဗိုလ်ချုပ်ပြောရင် မှန်ပါတယ်။” ဆိုတဲ့ ခေတ်မျိုးရှိကောင်းရှိနိုင်ပေမယ့် ခုတော့ “ဒါ…ဘာကြောင့်လဲ။ ဒါ…ဘယ်လိုလဲ။” ဆိုတဲ့ မေးခွန်းတွေဟာ ပြည်သူလူထုကြားထဲမှာ ပျံ့နှံ့နေပါပြီ။

အဲဒါကို ULA/AA ကသာ “ဘာမှမမေးနဲ့” ဆိုတဲ့ ပုံစံမျိုးပြန်လုပ်လိုက်ရင် အဲဒီမေးခွန်းထုတ်တတ်တဲ့ ပြည်သူလူထုကပဲ ULA/AA အပေါ် ဖိအားဖြစ်စေမှာပါ။

အဲဒီလိုအနေအထားက ULA/AA အတွက် “ကံကောင်းတာလား၊ အခက်အခဲလား။” ဆိုရင် ULA/AA အတွက် “အင်မတန်မှခက်ခဲပေမယ့်အကျိုးရှိတဲ့အနေအထား”ပါပဲ။

ဘယ်လိုအခက်အခဲလည်းဆိုရင် ဘာပဲလုပ်လုပ်ဝေဖန်ထောက်ပြမှုတွေကိုအမြဲတမ်းတံခါးဖွင့်ထားရပါတော့မယ်။

အမှားလုပ်ရင် ချက်ချင်းအဝေဖန်ခံရပါတော့မယ်။ အေးအေးဆေးဆေး “အာဏာပြ”လို့ မရတော့ပါဘူး။

အကျိုးအမြတ်က အဲလိုဝေဖန်စောင့်ကြည့်မှုကြောင့်ပဲ ULA/AA အတွင်းမှာ “အကျင့်ပျက်ခြစားမှု(Corruption)”ကို လျှော့ချလာနိုင်ပါမယ်။” စွမ်းဆောင်ရည်(Efficiency)”ကို မြှင့်တင်နိုင်လာပါမယ်။

အမှားကင်းတဲ့၊အမှားနည်းတဲ့အစိုးရမဟုတ်ပေမယ့် အမှားကိုချက်ချင်းပြုပြင်နိုင်တဲ့အစိုးရအဖြစ်ပုံရိပ်ပေါ် လာမှာပါ။

အဲဒီလိုဝေဖန်ထောက်ပြအဖြေရှာမှုတွေဟာ ULA/AA အပေါ် ကျင့်ဝတ်သိက္ခာပိုင်းမှာ လူထုယုံကြည်မှုပိုရလာတဲ့ အကျိုးဆက်ထိသက်ရောက်ပါတယ်။

အာရက္ခဒေသမှာ ပြည်သူလူထုရဲ့ဝေဖန်ထောက်ပြမှုအခန်းကဏ္ဍဟာ “သတင်းပေး” သက်သက်ထက်လည်းပိုပါတယ်။

ခုလောလောဆယ် အာရက္ခဒေသရဲ့နိုင်ငံရေးအာဏာဟာ “လူတစုရဲ့လက်ထဲ” မှာပဲ လည်ပတ်နေသေးတာပါ။

ဒါပေမယ့် “ပြည်သူလူထုရဲ့ဝေဖန်စောင့်ကြည့်မှု” ရှိလာတာမို့ ULA/AA ဟာ ကျ န်တဲ့အဖွဲ့အစည်းတွေထက်အများကြီးပိုပြီး “ရှင်သန်နိုင်စွမ်း”(Resilience)ရှိလာမှာပါ။ ရှင်သန်နိုင်စွမ်းရှိမှုဟာတန်ဖိုးလည်းဖြစ်ပါတယ်။

အဲဒီတန်ဖိုးမြှင့်သွားပြီဆိုရင်နောက်ပြန်လှည့်ပြန်ကျဖို့ခက်ပါတယ်။

အဲဒါဟာ “ကံကောင်းမှု” ဆိုရင် အာရက္ခပြည်သူလူထုအတွက်သာမကဘဲ ULA/AA အတွက်လည်း တကယ့်ကိုရဲရင့်တဲ့ကံကောင်းခြင်းပါပဲ။

တကယ်လို့ ULA/AA ဟာ ပြည်သူလူထုရဲ့ဝေဖန်ထောက်ပြမှုတွေကိုအကောင်းဘက်က ပြန်လည်သုံးသပ်ပြီး ပြုပြင်စရာတွေကို အချိန်မီပြုပြင်နေမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းမှာလည်းစံနမူနာဖြစ်နေမှာပါ။

ဒါပေမယ့် ပြည်သူလူထုကို တန်ဖိုးမထားအပြစ်တင်ပုံချနေပြီး သတင်းမီဒီယာတွေကို ရန်သူလိုသဘောထားနေမယ်ဆိုရင်တော့ တော်လှန်ရေးနောက်ပြန်ဆုတ်ပြီး နိုင်ငံရေးဝေဝါးကာပြဿနာပေါင်းစုံဆက်ကြုံနေမှာပါပဲ။

အာရက္ခပြည်သူလူထုဟာ အာရက္ခတပ်တော်နဲ့ ထပ်တူတော်လှန်ရေးလောကဓံကို ရင်ဆိုင်ကြုံတွေ့ခံစားကျော်ဖြတ်လာနေကြတာဖြစ်သလို အာရက္ခသတင်းမီဒီယာတွေဟာလည်း အာရက္ခတပ်တော်စတင်တည်ထောက်လာချိန်မှ ခုထိစောင့်ကြည့်တည့်မတ်တာဝန်ကျေပေးလာခဲ့ကြတာပါ။

အာရက္ခတပ်တော်ဟာ အာရက္ခအမျိုးသားတော်လှန်ရေးအောင်ပွဲတွေရလာခဲ့သလို အာရက္ခပြည်သူလူထုရော့ အာရက္ခသတင်းမီဒီယာတွေလည်းတာဝန်ကျေနေကြဆဲဖြစ်ပါတယ်။

အာရက္ခတော်လှန်ရေးအဆုံးအဖြတ်အဆုံးသတ်ရေးနဲ့ အာရက္ခနိုင်ငံတော်တည်ဆောက်ရေးမှာ နိုင်ငံရေးအရအဆုံးအဖြတ်မူဝါဒစံတွေမှာသာ အာရက္ခခေါင်းဆောင်တွေရဲ့နိုင်ငံရေးခေါင်းဆောင်မှုတွေ ပွင့်လင်းမြင်သာတာဝန်မကျေလိုအပ်ချက်တွေရှိနေကြတာသာဖြစ်ပါတယ်။

အာရက္ခပြည်သူလူထုအပါအဝင် အာရက္ခသတင်းမီဒီယာတွေ ရက္ခိုင်အမျိုးသားအဖွဲ့/အာရက္ခတပ်တော်ရဲ့အားနည်းချက်တွေ၊ အမှားတွေကို စိတ်ရှည်သည်းခံပြီး အမျိုးသားရေးစံတန်းဖိုးတွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုတန်ဖိုးထား မျှော်လင့်ယုံကြည်နေကြဆဲဖြစ်ပါတယ်။

PrevPrevious​စစ်ပွဲကြားအီရန်ရဲ့ခရစ်ပတိုငွေကြေး ဒေါ်လာ သန်း ၃၄၀ ကျော်ကို အမေရိကန် ပိတ်ဆို့
Nextပုဏ္ဏားကျွန်းမှာ လေပြင်းတိုက်လို့ စစ်ရှောင်နေအိမ်တချို့ပျက်စီးNext
Previous Post

​စစ်ပွဲကြားအီရန်ရဲ့ခရစ်ပတိုငွေကြေး ဒေါ်လာ သန်း ၃၄၀ ကျော်ကို အမေရိကန် ပိတ်ဆို့

Next Post

ပုဏ္ဏားကျွန်းမှာ လေပြင်းတိုက်လို့ စစ်ရှောင်နေအိမ်တချို့ပျက်စီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေး

ချောင်းဦးပန်းလှဘုန်းကြီးကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ရဟန်းနှစ်ပါးဒဏ်ရာရ

October 8, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာတွေကိုပြန်ခေါ်မယ်လို့ စစ်ခေါင်းဆောင်ပြော

October 8, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပအဖ

ဒီပဲယင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင်လေးဦးသေဆုံး

October 8, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားဝန်ကြီးချုပ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့

October 8, 2026

DVB အပါအဝင် မီဒီယာတချို့ကို အင်တာပိုလ်ကတစ်ဆင့်ဖမ်းခိုင်းထား

ထိုင်းမှာ ကားတိုက်ခံရလို့သေဆုံးခဲ့တဲ့မြန်မာအမျိုးသမီးအတွက် နစ်နာကြေးဘတ်တသန်းခွဲရ

မလေးရှားဝန်ကြီးချုပ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ ပင်မဇစ်မြစ်ဟာ စစ်တပ်လို့ ဦးကျော်မိုးထွန်း ပြော

လောင်တလိုင်မှာ ရူပီနှစ်ကုဋေကျော်ဖို့ အရက်တွေကို  YLA ဖမ်းဆီး

မောင်တောခရိုင်မှာ စည်းကမ်းမဲ့ယာဉ်မောင်းသူတွေကို ULA အရေးယူမယ်

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

DVB အပါအဝင် မီဒီယာတချို့ကို အင်တာပိုလ်ကတစ်ဆင့်ဖမ်းခိုင်းထား

October 8, 2026
ဓာတ်ပုံ - အလုပ်သမား မဟာမိတ်အဖွဲ့

ထိုင်းမှာ ကားတိုက်ခံရလို့သေဆုံးခဲ့တဲ့မြန်မာအမျိုးသမီးအတွက် နစ်နာကြေးဘတ်တသန်းခွဲရ

October 8, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားဝန်ကြီးချုပ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့

October 8, 2026
ဓာတ်ပုံ - NUG

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ ပင်မဇစ်မြစ်ဟာ စစ်တပ်လို့ ဦးကျော်မိုးထွန်း ပြော

October 8, 2026

လောင်တလိုင်မှာ ရူပီနှစ်ကုဋေကျော်ဖို့ အရက်တွေကို  YLA ဖမ်းဆီး

October 8, 2026
ဓာတ်ပုံ - APM

မောင်တောခရိုင်မှာ စည်းကမ်းမဲ့ယာဉ်မောင်းသူတွေကို ULA အရေးယူမယ်

October 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page