Border News Agency
ပုဏ္ဏားကျွန်း၊ ဧပြီ ၃၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာ လေပြင်းတိုက် ခတ်လို့စစ်ရှောင်နေအိမ်တချို့ ပျက်စီးသွားခဲ့ပါတယ်။
အဲဒီစစ်ရှောင်စခန်းဟာ ဧပြီလ ၂၉ ရက် မနေ့ညနေငါးနာရီကျော်အချိန်ခန့် လေပြင်းတိုက်ခတ်လို့ နေအိမ်ဆယ်လုံးပျက်စီးသွားပါတယ်။
အဲဒီနေအိမ်တွေပြန်ပြင်ဖို့အကူအညီတွေလိုနေပြီး လေပြင်းတွေထပ်တိုက်ခတ်မှာကို စစ်ဘေးရှောင်တွေစိုးရိမ်နေကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာလာမယ့်မိုးရာသီအတွက် အမိုးအကာတွေအပါအဝင်အကူအညီတွေလိုအပ်နေကြပါတယ်။














