Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၀။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandiနဲ့ စစ်ကော်မရှင်ရဲ့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဟာ စက်တင်ဘာလ ၉ ရက်၊ မနေ့က ပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံတာဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးတာဝန်ကို မကြာခင်ပြီးဆုံးမှာမလို့ မြန်မာနိုင်ငံသို့ဦးစားပေးလာရောက်ခဲ့တာလို့ Mr. Filippo Grandiက ပြောပါတယ်။
ဝန်ကြီးဌာနနဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးနိုင်ရေးနဲ့ဆက်စပ်ပြီးတိုးတက်မှုတွေ၊UNHCRမှဘေးဒဏ်သင့်သူတွေကိုလူသားချင်းစာနာမှုအကူအညီပေးရေးအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ရခိုင်ပြည်နယ်ရှိ နေရပ်စွန့် ခွာသူတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ဝန်ကြီးဌာနနဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေအကြား ဆက်ပြီးပူးပေါင်းဆောင် ရွက်သွားဖို့ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများ၊ UNHCR ရဲ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာဗျူရိုရုံးမှညွှန်ကြားရေးမှူး Ms. Hai Kyung Jun နဲ့ UNHCR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi တက်ရောက်ခဲ့ကြပါတယ်။