Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်အနီးတောင်တန်းကို စက်တင်ဘာလ ၁၀ ရက်၊ မနေ့ညက စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ကျော က်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်-ပလက်ဝကားလမ်းမဘေးမှာရှိ ဇီးချောင်ဆည်အနီးတောင် တန်းတွေကို စက်တင်ဘာလ ၁၀ရက်၊မနေ့ည ၁၁ နာရီအချိန်ခန့်က စစ်ကော် မရှင်တိုက်လေယာဥ်ဟာ အတွဲလိုက်ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကို အနီးအနားကျေးရွာတွေကကြားရပေမယ့်ကျရောက်ပေါက်ကွဲတဲ့နေရာတွေ၊ထိခို က်မှုအခြေအနေတွေကို မသိကြရဘူးလို့ ကျောက်တော်ဒေသခံတွေက ဆိုကြပါတယ်။
“ပေါက်ကွဲသံက အကျယ်ကြီးဆက်တို င်းကြားရတာ။ ငါးကြိမ်လောက်ကျတယ်။ ဇီးချောင်းဆည်နားက တောင်တန်းတွေကြားထဲကျသွားပါတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။” လို့ ကျောက်တော်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဇီးချောင်းဆည်အနီးမှာ သစ်တပုံ၊မင်းသားတောင်၊လက်ပံစတဲ့ကျေးရွာတွေရှိပြီး ကျေးရွာသားတွေကတော့ စိုး ရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေကြောင်းက င်းထောက်တာတွေနေ့စဥ်ရက်ဆက်ပြု လုပ်နေပြီး ညဖက်လူတွေအိပ်ချိန်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကျူး လွန်နေတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုဟာ ဇီးချောင်းဆည်အနီးတောင်တန်းတွေကိုသာ ကျရောက်ပေါက်ကွဲခဲ့တာမို့ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူးလည်း ဒေသခံတွေက ဆိုကြပါတယ်။
“ဗုံးကရွာထဲမှ မကျပါဘူး။ဒါပေမယ့် အ ရမ်းစိုးရိမ်ခဲ့ရတယ်။ ညအချိန်ဆိုတော့ မီးမမြင်ထင်းမမြင်နဲ့ အိမ်ပေါ်ကပြေးဆင်းပြီးလုံခြုံတဲ့နေရာမှာ ပြေးပုန်းခဲ့ရတ ယ်။နောက်လာကြဲဦးမလားစိုးရိမ်ပြီး တညလုံးအိပ်မရခဲ့ဘူး။” လို့ ကျောက်တော်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
ကျောက်တော်မြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လေကြောင်းက င်းထောက်တာတွေ နေ့စဥ်လိုလိုပြုလုပ်အရပ်သားပြည်သူတွေဟာ လေကြောင်းရန်ကို စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ပြီးခဲ့တဲ့ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ဆယ့်ငါးဦးသေဆုံးပြီး ဆယ့်ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။