Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁၁။
ရခိုင့်ဦးဆောင်ပါတီ(AA)ဥက္ကဋ္ဌဒေါက်တာအေးမောင်အပေါ် ပြစ်မှုထင်ရှားစီ ရင်ထားတဲ့ပြစ်မှုနဲ့ပြစ်ဒဏ်တွေကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက စက်တင်ဘာ ၁၁ ရက်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပါတယ်။
ယာယီသမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) မှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးပြီး စစ်တွေ ခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ၊ ပုဒ်မခွဲ (ခ) နဲ့ ရာဇဝတ်ကြီးအမှုအ မှတ် ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂၊ ပုဒ်မခွဲ (၁) တို့အရ ပြစ်မှုထင်ရှားစီရင်ခဲ့တဲ့အတွက် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်အရ ဒေါက်တာ အေးမောင်ဟာ ပြန် လည်လွတ်မြောက်ခဲ့ပါတယ်။
ဒေါက်တာ အေးမောင်ဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်ရဲ့ဦးတည်ချက်တွေကို အစဉ်တစိုက်မ မှိတ်မသုန် စွဲမြဲစွာ ခံယူစောင့်ထိန်းသွား မယ်လို့ သန္နိဋ္ဌာန်ပြုကာ စစ်မှန်စည်းက မ်းပြည့်ဝတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စ နစ်ကို အခြေခံတဲ့ပြည်ထောင်စုတည် ဆောက်ရာမှာ တတပ်တအားပါဝင်ဆောင်ရွက်ဖို့ ကတိကဝတ်ပြုမှုအရပြစ်မှုထင်ရှားစီရင်ထားတဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ယာယီသမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အတွက်ဒေါက်တာအေးမောင်ဟာ လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှ ဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ကို ဒေါ်အောင်ဆ န်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထ က်မှာ ရက္ခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အ ခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြော က်ဝမ်းနည်းဖွယ်အထိမ်းအမှတ်စာပေဟောပြောလို့ နိုင်ငံတော်အားအကြည် ညိုပျက်စေမှု၊နိုင်ငံတော်ပုန်ကန်မှုနဲ့တ ရားစွဲဆိုခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ထားတာပါ။
ဒါပေမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လွ တ်ငြိမ်းပေးလိုက်တာမို့ ပြန်လည်လွတ် မြောက်လာခဲ့ပါတယ်။