Border News Agency
ကန့်ဘလူ၊ စက်တင်ဘာ ၁၈။
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်တိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီတော်လှန်ရေးတပ်တွေဟာ စက်တင်ဘာလ ၁၇ ရက်၊ မနေ့ ညနေ ၃ နာရီအချိန်ခန့်က စစ်ကော်မရှင်ရဲ့ဇီးကုန်းမြို့ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားနဲ့ဗိုလ်တွေအပါ အဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဖက်က ဗိုလ် ၂ ဦး၊တပ်သား ၂ဦး၊တပ်သားတွေရဲံမိန်းမ ၂ ဦးနဲ့ကလေး၂ ဦး၊အကျဉ်း ထောင်ထဲမှအကျဉ်းသား ၃ ဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ G3 ၉ လက်၊G4 ၁လက် MA 15 ၁ လက်၊ပစ်စတို ၁ လက်ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲ ဘော်တွေအထိအခိုက်မရှိ ပြန်ပြီးဆုတ် ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကို ကန့်ဘလူခရိုင်ပကဖစစ်ကြောင်းမှဦးဆောင်ပြီးရေးဦးဒူဝံပကဖနဲ့နယ်မြေခံပကဖတွေပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။