Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

ပလက်ဝဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေ

Author picture

By

BNA Author
Reading Time: 1 min read
1
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
ပလက်ဝ၊ စက်တင်ဘာ ၁၈။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ပလက်ဝဒေသခံတွေက ဆိုကြပါတယ်။

ပလက်ဝဒေသမှာ စက်တင်ဘာလပထ မအပတ်ကစပြီး သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ငှက်ဖျားနဲ့တခြားရောဂါတွေကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူတွေရှိနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ ဆိုကြပါတယ်။

အဲဒိီအပြင် ပလက်ဝဒေသမှာကျန်းမာ ရေးဝန်ထမ်းတွေမလုံလောက်တာ၊ စစ်ကော်မရှင်ကအာဏာသိမ်းပြီးတဲ့နောက်မှာ ဝန်ထမ်းတွေCDM လုပ်သွားတာ၊ယ န္တရားတွေရပ်တန့်သွားတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ဆေးဝါးလုံလောက်မှုမရှိတဲ့စိန်ခေါ်မှုနဲ့ကြုံနေရတာတော့ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကအဓိကလိုအပ်တာပေါ့။ဆေးဝါးကူညီထောက်ပံ့မယ့်အဖွဲ့တွေလည်းလိုအပ်တယ်။လမ်းပန်းဆ က်သွယ်ရေးခက်ခဲတာနဲ့ဒေသအခြေ အနေအရ ဆရာဝန်တွေ၊ကျန်းမာရေးကျွမ်းကျင်ဝန်ထမ်းတွေလည်းလိုအပ်နေတယ်။” လို့ Paletwa IDPs and Humanitarian Supporting)အဖွဲ့မှဆလိုင်းဘွေရှိုင်းက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမဖြစ်ခင်က ပလက်ဝဒေသကို ရခိုင်မှ ဆေးဝါးတွေတင်သွင်းခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်လာပြီးနောက် စစ်ကော်မရှင်ကလမ်းပန်းဆက်သွယ်တွေပိတ်ဆို့လိုက်လို့ဆေးဝါးတွေပြတ်လပ်သွားတယ်လို့ ဆိုကြပါတယ်။

ပလက်ဝဒေသကကျေးရွာတချို့မှာ ဆေးခန်းတွေရှိပေမယ့် ဆေးဝါးမရှိတာ၊ ကျန်းမာရေးဝန်ထမ်းတွေမရှိတာတွေကြောင့် ပိတ်ပင်ထားရပြီး အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်လာရင် ငွေကြေးတတ်နိုင်သူတချို့သာတ ခြားနေရာတွေကို သွားရောက်ဆေးကုသနေကြရတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီလိုသွားရောက်ဆေးကုသရတဲ့အခါ ဆေးဝါးကုသစရိတ်ထက်လမ်းခရီးစာ ရိတ်အကုန်ကျများပြားတာ၊လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာတွေကြောင့် အရေးပေါ်လူနာတွေဟာ လမ်းမှာအသ က်ဆုံးရှုံးသွားကြသူတွေရှိနေတယ်လို့ ဆိုကြပါတယ်။

“လမ်းခရီးကအဆင်မပြေတော့ ကား၊ ဆိုင်ကယ်တွေနဲ့သွားလို့မရဘူး။အဲလိုအခြေအနေမျိုးမှာဆို ခြေလျှင်ထမ်းပြီးသွားကြရတယ်။တော်ရုံဖျားနာတာလောက်နဲ့လမ်းခရီးခက်ခဲလို့ ဆေးခန်းမသွားကြတော့ဘူး။ငွေကြေးအခက်အ ခဲကလည်းရှိနေတယ်။လုံးဝမတတ်နိုင်တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေ အနေမှာပဲသွားကြရတာဆိုတော့ ဆေး ရုံ၊ဆေးခန်းမရောက်ခင်မှာအသက်ဆုံးသွားကြတာတွေလည်းရှိတယ်။” လို့ ပလက်ဝဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီနေရာမှာ အာရက္ခတပ်တော်၊ ပလက်ဝကောင်စီနဲ့ ချင်းကျန်းမာရေးအဖွဲ့က ဒေသခံတွေရဲ့ကျန်းမာရေးနဲ့ပတ်သတ်လို့ တလတကြိမ်သာကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးတာတွေရှိနေတယ်လို့လည်း ဆိုကြပါတယ်။

ဒါပေမယ့် ဆေးဝါးမလုံလောက်တာနဲ့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေမပါဝင်တဲ့တာကြောင့် ရိုးရိုးဖျားနာတာတွေကိုသာကုသပေးနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“အေအေနဲ့ပလက်ဝကောင်စီကတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးပါတယ်။ ဒါပေမယ့် ရိုးရိုးဖျားနာတာလောက်ကိုပဲကုသနိုင်တယ်။ ကျန်တဲ့ရောဂါကြီးတွေဖြစ်ရင်သူတို့ကုသမပေးနိုင်ကြဘူး။ သူတို့မှာ ဆေးဝါးလည်းမရှိဘူး။ အဲဒီရောဂါကြီးကိုကုသဖို့ဆရာဝန်တွေလည်းမရှမဘူး။ တပ်တွင်းကသင်တန်းပေးထားတဲ့ကျန်းမာရေးဝန် ထမ်းတွေပါ။ သူတို့က ဖျားနာတာလောာက်ကိုဘဲကုသနိုင်တယ်။” လို့ ပလက်ဝဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

ပလက်ဝဒေသမှာ လူနာတွေရဲ့ အသက်အန္တရာယ်ကိုကာကွယ်ဖို့ ဆေးဝါးထောက်ပံ့မှု၊ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေနဲ့အရေးပေါ်အခြေအနေကိုတုံ့ပြန်နိုင်တဲ့စောင့်ရှောက်မှုတွေအပြင် စစ်ဘေးရှောင်ဒေသခံတွေအတွက် စားဝ တ်နေရေးလည်း အခက်အခဲရှိနေတာကြောင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ ဆိုကြပါတယ်။

ပလက်ဝမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် စက်တင်ဘာလပထမအ ပတ်ကလည်း လသားအရွယ်ကလေးင ယ်တွေအပါအဝင် လေးဦးသေဆုံးသွားခဲ့ပါတယ်။

အဲဒီပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ခုနှစ်ကလည်း သွေးလွန်တုပ်ကွေးရောဂါ၊ငှက် ဖျားရောဂါနဲ့ဝမ်းလျောဝမ်းပျက်ရောဂါတွေကြောင့် သေဆုံးသွားသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတ ယ်။

အဲဒီအပြင် ပြီးခဲ့တဲ့ဇွန်လကလည်း ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလို့ တနှစ်အောက်အရွယ်က လေးငယ်နှစ်ဦးသေဆုံးသွားခဲ့တယ်လို့ Chin Telehealth က ထုတ်ပြန်ထားပါတယ်။

PrevPrevious“ULA/AA ရော၊ ပလက်ဝကောင်စီရောရောဂါကြီးတွေဖြစ်ရင်ဆေးဝါးမကုသပေးနိုင်ဘူး။ သူတို့မှာဆေးဝါးတွေလည်းမရှိဘူး။”
Nextဇီးကုန်းမြို့ရဲစခန်းကိုတော်လှန်ရေးတပ်တွေဝင်တိုက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးNext
Previous Post

“ULA/AA ရော၊ ပလက်ဝကောင်စီရောရောဂါကြီးတွေဖြစ်ရင်ဆေးဝါးမကုသပေးနိုင်ဘူး။ သူတို့မှာဆေးဝါးတွေလည်းမရှိဘူး။”

Next Post

ဇီးကုန်းမြို့ရဲစခန်းကိုတော်လှန်ရေးတပ်တွေဝင်တိုက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

Comments 1

  1. cuenta abierta en Binance says:
    3 months ago

    Your article helped me a lot, is there any more related content? Thanks! https://www.binance.info/es-AR/register?ref=UT2YTZSU

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

February 14, 2026
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

February 14, 2026
Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

February 14, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

February 14, 2026

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

Releated Post

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

February 14, 2026
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

February 14, 2026
Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

February 14, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပုတီးကုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး

February 14, 2026
Photo - Border Patrol Police Division 22

​ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ကျန်လက်နက်တွေကို  EOD အဖွဲ့ရှင်းလင်း

February 14, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားဆလန်ဂေါမှာ ဒရုန်းသုံး​ဝင်ရောက်စီးနင်းလို့ အထောက်အထားမဲ့ ၅၁ ဦးဖမ်းဆီးခံရ

February 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page