Border News Agency
ချင်းပြည်၊ စက်တင်ဘာ ၂၂။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) ဟာ ကျစ်လျစ်ခိုင်မာပြီးအင်အားကောင်းမွန်လာစေဖို့အတွက် ကူညိီမှုတွေပေးခဲ့တဲ့အာရက္ခတပ်တော်ကို ကျေးဇူးအထူးတင်တယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က CDF-Daai ထုတ်ပြန်ပါတ ယ်။
အာရက္ခတပ်တော်ဟာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ကို စစ်သင်တန်းပေးတာတွေ၊လက်နက်ခဲယမ်းထောက်ပံ့တာတွေ၊ ရိက္ခာထောက်ပံ့တာတွေ၊ရှေ့တန်း စစ်မြေပြင်အတွေ့အကြုံတွေရအောင်လက်တွဲခေါ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုကူညီပေးခဲ့တဲ့အာရက္ခတပ်တော်ရဲ့အာလဖာ ၃ စစ်ဒေသကို အထူးကျေးဇူးတင်သလိုရေရှည်တည်တံ့ခိုင်မြဲတဲ့ မဟာမိတ်ဆက်ဆံရေးအဖြစ် ဆက်လ က်တည်ဆောက်သွားမယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပေါ်ပေါက်လာရေး၊ချင်းအမျိုးသားတည်ဆောက်ရေး၊ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူလူထုတွေကို စစ်ကော်မရှင်ရန်မှအကာအကွယ်ပေးနိုင်ဖို့အတွက် ရည် ရွယ်ပြီး ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူ လူထုတွေဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) CDF – Daai ဟာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီ ၄ နှစ်တာကာလမှာ ချင်းပြည်ကာ ကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF- Daai ကို အဖက်ဖက်မှကူညီပေးခဲ့ကြတဲ့ အာရက္ခတပ်တော်နဲ့ ပြည်တွင်းပြည်ပရှိအလှူ ရှင်တွေကို အထူးကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)ဖြစ်ပေါ်လာစေဖို့အတွက် ပထ မဆုံးအပတ်စဉ် ၁ နဲ့အပတ်စဉ် ၂ ကို စစ်ပညာသင်ကြားပေးခဲ့တဲ့ CDF -Mindat ကိုလည်းအထူးကျေးဇူးတင်တယ်လို့ဆိုပါတယ်။