Border News Agency
မိုင်းဝီး၊ စက်တင်ဘာ ၂၂ ရက်။
မိုင်းဝီးမြို့မှာ မြေမြှုပ်မိုင်းတလုံးကို ဓါးနဲ့ခုတ်မိလို့ အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ တအောင်းတပ်မတော်က စက်တင်ဘာလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းပေါက်ကွဲလို့ အသက်နှစ်ဆယ်အရွယ်ကိုလီသာမှာခါး၊ လက်နဲ့ခြေထောက်တွေဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
သူဟာ စက်တင်ဘာလ ၁၇ ရက်၊ နေ့လည် ၁ နာရီအချိန်မှာ ညီဖြစ်သူနဲ့မျှစ်သွားခုတ်ဖို့သွားရင်း စစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
အဲဒီအခင်းဖြစ်ပွားခဲ့တဲ့နေရာကို တအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရသူကိုလည်း ဆေးကုဖို့ပို့ခဲ့တယ်လို့ဆိုပါတယ်။
နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း အမျိုးသမီးတဦးဟာ စခန်းသစ်အနီးမှာ ခြံရှင်းနေစဥ် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။