Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁၄။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးရံပုံငွေမလုံလောက်ဘူးလို့ ကုလသ မဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိိနှိုင်းရေးရုံး(OCHA)က စက်တင်ဘာလ ၂၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုရံပုံငွေလိုအပ်ချက်ပြည့်မီမှုအနည်းဆုံးကမ္ဘာ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်(HNRP)အ တွက် ဒီနှစ်အတွက်ရံပုံငွေ ၁၂ ရာခိုင် နှုန်းသာရရှိထားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြားနေရာအနှံ့ဖြစ်ပွားနေတဲ့ ပဋိ ပက္ခကြောင့် နေ့စဉ်နီးပါးအရပ်သားထိ ခိုက်သေဆုံးတာတွေရှိနေပြီး အရပ် သားစောင့်ရှောက်ကာကွယ်ရေးဆိုင်ရာကိစ္စတွေဟာ ပိုပြီးဆိုးရွားလာတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ထိခိုက်လွယ်တဲ့ အရပ်သားတွေဟာအကြမ်းဖက်မှုတွေကြောင့်အခက်အခဲအများကြီးနဲ့ ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကစာသ င်ကျောင်းတွေကို ထိခိုက်စေတဲ့ဖြစ်ရပ်တွေကြောင့် ကျောင်းသားတွေနဲ့ဆရာ၊ ဆရာမသေဆုံးရတာတွေ၊စာသင်ချိန်ပျက်ရတာနဲ့ကလေးသူငယ်တွေအတွက် အန္တရာယ်ကြုံတွေ့နိုင်ခြေပိုများလာတာမို့ ပညာရေး အဆောက်အဦတွေကိုကာကွယ်စောင့်ရှောက်ပေးဖို့အရေးတ ကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝှမ်းလူဦးရေ ၃ ဒသမ ၆ သန်းနီးပါးခန့်နေရပ်စွန့်ခွာနေထိုင်နေကြရပြီးစက်တင်ဘာလအတွင်း ဆက်ပြီးဖြ စ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိ မ်စွန့်ခွာထွက်ပြေးရတာတွေ ပိုများလာတာ၊အရင်ကနေ ဆိုးရွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ပိုပြီးခက်ခဲစေတယ်လို့ဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းကဏ္ဍပေါင်းစုံက လူဦးရေ အနည်း ဆုံး ၃ ဒသမ ၅ သန်းကို အရေးပေါ်အ ကူအညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်း များပြားလာတဲ့လိုအ ပ်ချက်တွေနဲ့ရန်ပုံငွေအကြီးအကျယ်မလုံလောက်တာတွေကြောင့် လူသန်းပေါ င်းများစွာကို လူမှုဘ၀ရှင်သန်ရေးအကူ အညီတွေ ရေရှည်ပေးအပ်နိုင်တာတွေမရှိဘူးလို့ဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေသွားပြီးပေးနိုင်ဖို့အတွက် ကန့်သ တ်ချက်တွေရှိနေဆဲ ဖြစ်နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့အ ရှေ့တောင်ပိုင်းတွေမှာ အများအားဖြင့် အကူအညီတွေဖြန့်ဖြူးဖို့အတွက်ကန့် သတ်တာတွေရှိနေပြီးအဓိကအရေးပါတဲ့ဝန်ဆောင်မှုတွေလိုအပ်နေတဲ့ လူထုအတွက်လည်းဘေးကင်းလုံခြုံစွာသွား လာနိုင်ခွင့်တွေလည်းဆုံးရှုံးနေတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်ခြောက်သိန်းကျော်ထိရှိနေကြတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။