Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၂၄။
ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်က စက်တင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့နေ့လည် ၁နာရီ ၈ မိနစ်အချိန်က ပင်တီးကျေးရွာရှိဘုန်းကြီးကျောင်းကို လေကြောင်းတို က်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ဗုံးပေါက်ကွဲလို့ ကျောင်း ဆောင်နဲ့ဆွမ်းစားဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလအတွင်း လေကြောင်း၊လက်နက်ကြီး၊ အသေခံဒရုန်းနဲ့ကျောက်မဲမြို့နယ်ကို ခြောက်ကြိမ်၊သီပေါမြို့နယ်ကိုတကြိမ်၊ မိုးကုတ်မြို့နယ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အမျိုးသားတဦးသေဆုံးပြီးအမျိုးသားတဦး၊ အမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရသွားသလိုနေအိမ်တဆယ့်ကိုးအိမ်၊ စာသင်ကျောင်းတဆောင်၊ ဘုန်းကြီးကျောင်းတဆောင်၊ ကားတစီးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်လေ ကြောင်းတိုက်ခိုက်တာကို ရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ လေ ကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာကြဖို့အပ်တယ်လို့ဆိုပါတယ်။