Border News Agency
တရုတ်၊ဇွန် ၁၇။
အာဏာသိမ်းစစ်ခေါင်းဆောင်က သူသွားခဲ့တဲ့ တရုတ်ခရီးစဉ်ဟာအရမ်းအောင်မြင်ပြီး နှစ်နိုင်ငံလုံးအတွက်အကျိုးရှိမယ့် ခရီးစဉ်တခုဖြစ်တယ်လို့ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေကို ပြောပြသွားပါတယ်။
သူကတရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ အကျိုးရှိမယ့် ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတွေကိုလည်း နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေတဲ့အတွက် တဦးနဲ့တဦးကူညီဖေးမကြဖို့နဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ကြဖို့ မှာကြားခဲ့ပါတယ်။
နောက်ပြီး အခုခေတ်က နည်းပညာခေတ်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ ခေတ်မီနည်းပညာတွေနဲ့ AI နည်းပညာတွေကို အကောင်းဆုံး လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းသွားပါတယ်။
အခုလို တရုတ်ခရီးစဉ်ကနေတဆင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာမယ်လို့လည်း သူက ဆိုပါတယ်။










