Border News Agency
လယ်မူလား၊ စက်တင်ဘာ၂၇။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ လယ်မူလားမြို့နယ်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ ပြည်သူတဦးဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။
သူဟာ လယ်မူလားမြို့နယ်၊ ပလောကျေးရွာအုပ်စု၊ ကဝက်ကျေးရွာက အသက်ခြောက်ဆယ်ဝန်းကျင် အမျိုးသမီးတဦးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂၄ရက်နေ့၊ မနက် ၉နာရီအချိန်မှာ အမှတ်၂၈၅ ခြေလျင်တပ်တရင်းက လက်နက်ကြီးကျည်စထိမှန်ပြီး ဘယ်ဘက်ဒူးဆစ်မှာဒဏ်ရာရရှိခဲ့တာလို့ ဆိုကြပါတယ်။
အဲဒီအပြင်ကဝက်ရွာက လူနေအိမ်တဆောင်မှာလည်း ကျည်စထိမှန်ပြီး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။






