Border News Agency
မောင်တော၊ အောက်တိုဘာလ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်မှာအစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ သတ်ဖြတ်ထားတဲ့အရပ်သားရုပ်အလောင်းခြောက်လောင်းတွေ့တယ်လို့ အာရက္ခတပ်တော်က အောက်တိုဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက်မီ တာ ၇၇၀ ခန့်အကွာရှိ ငှက်ပျောတောအုပ်ထဲမှာ အရည်ပျော်ပြီး အရိုးစုတွေသာကျန်တဲ့အလောင်းခြောက်လောင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်က အာရက္ခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရုပ်ပျက်ဆင်းပျက်အနေအထားရှာတွေ့ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီငှက်ပျောတောအုပ်မှာအလောင်း တလောင်းစီကို နေရာနှစ်ခု၊ နှစ်လောင်းစီကို နေရာနှစ်ခု၊ စုစုပေါင်းအလောင်းခြောက်လောင်းကို နေရာလေးခုခွဲပြီးစွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီရုပ်အလောင်းတွေဟာ မောင်တောနယ်စပ်တမန်းသားရွာနဲ့ဒုံးညိုရွာမှ ပျော က်ဆုံးနေတဲ့ရွာသားတွေထဲက ခြောက်ဦးရဲ့ရုပ်အလောင်းတွေဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။
အဲဒီမောင်တောမြို့နယ်၊ နယ်စပ်မှတ် တိုင် ၅၆ နဲ့ ၅ ၇ ကြား ပွိုင့် ၆၀၁ ကုန်းရှိ အာရက္ခတပ်တော်ရဲ့နယ်စပ်လုံခြုံရေးတပ်စခန်းကို အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့ဟာအ ချိန်ယူစိမ့်ဝင်ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းကို အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့ဟာ သိမ်းပိုက်ဖို့ရည်ရွယ်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ နည်းလမ်းမျိုးစုံနဲ့အချိန်ယူစိမ့်ဝင်ထိုးဖောက် ဝင်ရောက်ခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအကြမ်းဖက်အဖွဲ့ဟာလမ်းတလျှောက်အရပ်သားပြည်သူတွေကို ဖမ်း ဆီးနှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လူပြတ်တဲ့နေရာ(သို့မဟုတ်)လူ အရောက်နည်းတဲ့နေရာတွေမှာ စွန့်ပစ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုပြုလုပ်တာဟာ နှိုတ်ပိတ်လိုက်တာဖြစ်ပေမယ့် မူဆလင်မဟုတ်သူတွေကိုသာ ကျူးလွန်ခဲ့ကြတာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအချိန်က အာရက္ခတပ်တော်အရပ်ဘက်အုပ်ချုပ်ရေးမှာ အရပ်သားတွေလူပျောက်လာတိုင်ခဲ့ကြတာဆယ်ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်အလောင်းတွေတွေ့ရတဲ့နေ ရာရဲ့စိုထိုင်းမှုလွန်ကဲတာ၊စနစ်တကျမမြှုပ်နှံဘဲ စွန့်ပစ်ထားခဲ့တာတွေကြောင့် အလောင်းတွေဝါအရည်ပျော်ပြီးအရိုးတွေသာ ကျန်တော့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်မှုခင်းဆေးပညာဝန်ထမ်းတွေနဲ့အတူ လူပျောက်မိသားစုတွေပူးပေါင်းပြီးအလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ခွဲခြမ်းနေတယ်လို့ ဆိုပါတယ်။

