Border News Agency
တအာင်းပြည်၊အောက်တိုဘာ ၁။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAရဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနဟာ စက်တင်ဘာအတွင်းကျေးရွာလေးဆယ်လေးရွာရှိ ပြည်သူလူထုကို အသိပညာပေးမှုတွေ ကွင်းဆင်းပြုလုပ်နေတယ်ဆိုပါတယ်။
အဲဒီနမ့်ဆန်မြို့နယ်ရှိကျေးရွာဆယ့်တရွာ၊ နမ္မတူမြို့နယ်ရှိကျေးရွာနှစ်််ဆယ့်နှစ်ရွာနဲ့ နမ့်ခမ်းမြို့နယ်ရှိကျေးရွာဆယ့်တရွာကို အသိပညာပေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမြို့နယ်သုံးခုမှ ပြည်သူသုံးသောင်းငါးထောင်ကိုးရာလေးဦးကို အမျိုးသမီးနဲ့ပညာရေး၊ အမျိုးသမီးနဲ့ပျော်ရွင်တဲ့မိသားစု၊ အမျိုးသမီးနဲ့ကျန်းမာရေး၊စောစောစိီးစီးအိမ်ထောင်ကျတာ၊ အမျိုးသမီးနဲ့အမွေဆက်ခံတာ၊လိင်ပိုင်းဆိုင်ရာအသိပညာပေး၊မျိုးဆက်ပွားကျန်းမာရေးစတဲ့အကြောင်းအရာတွေကို အသိပညာပေးပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
PSLF/TNLAရဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ တအာင်းပြည်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်တွေ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းစဉ်တွေ၊အိမ်တွင်း မှုနဲ့ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်း စဉ်တွေချမှတ်ကာအကောင်အထည် ဖော်နေတယ်လို့ဆိုပါတယ်။
နမ့်ဆန်မြို့နယ်ရှိကျေးရွာသုံးရွာ၊သီပေါမြို့နယ်ရှိကျေးရွာတရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၊နမ္မတူမြို့နယ်ရှိကျေးရွာ ဆယ့်ကိုးရွာ၊နမ့်ခမ်းမြို့နယ်ရှိကျေးရွာဆယ့်တရွာနဲ့မိုးကုတ်မြို့နယ်ရှိကျေးရွာသုံးမှ ပြည်သူစုစုပေါင်းလူဦးရေ တထောင့်ခုနှစ်ရာနှစ်ဆယ်ဦးကိုလည်း ပြီးခဲ့တဲ့သြဂုတ်လမှာ အသိပညာပေးပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။