Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂။
စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ဗိုလ်ကြီးတဦးအပါအဝင် စုစုပေါင်းခြောက်ဆယ်ရှစ်ဦးဟာ ပြည်သူ့ရင်ခွင်(Peoples Embrace)ခိုလှုံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂ရက်၊ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာလက်နက်နဲ့အတူဝင်ရောက်သူဆယ့်ရှစ်ဦးပါဝင်ပြီးလက်နက် MA-1ဆယ့်တလက်၊ MA-3 လေးလက်၊ လက်ပစ်ဗုံးသုံးလုံး၊ နင်းမိုင်းနှစ်လုံးနဲ့ ကျည်စုံငါးရာကိုးဆယ်ကျော်ကိုလည်း ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ စစ်ကော်မရှင်တပ်ရဲ့အတင်း အဓမ္မစစ်မှုထမ်းအမိန့်နဲ့စုဆောင်းခံ ထားရတဲ့ပြည်သူ့စစ်မှုထမ်းငါးဆယ်ခုနှစ်ဦး၊ရဲတဦးအပြင် ဗိုလ်ကြီးတဦး၊တ ပ်ကြပ်ကြီးတဦးနဲ့တပ်သားရှစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်တာပါ။
အဲဒီလိုဝင်ရောက်လာတာဟာ အခွင့်အရေးရရင်ပြည်သူနဲ့အတူ ရပ်တည်ဖို့ စစ်ကော်မရှင်တပ်တွင်းရောက်နေကြသူတွေကြိုးပမ်းနေတာကို ပြသနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့တရား မဝင်လူသစ်စုဆောင်းမှုတွေကြောင့် စစ်ထဲသို့အတင်းအဓမ္မစုဆောင်းခံထားရသူတွေ၊ပြည်သူဘက်ရပ်တည်လိုတဲ့ တ ပ်သား၊ရဲတွေကိုလည်း ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople၊ နီးစပ်ရာPDF၊ပကဖနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ခိုလှုံနိုင်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အသိပေးထားပါတယ်။