အင်တာဗျူး
Border News Agency
စစ်တွေ၊ အောက်တိုဘာ ၃။
“ဆေးဝါးတွေကတော့ ဆေးရုံမှာတောင်မရှ်ိကြပါဘူး။ သယ်ယူပို့ဆောင်ရေးကိုပိတ်ပင်ထားကြတဲ့အတွက်ခက်ခဲပါတယ်။”
“ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့လူတွေကတော့ အဆင်ပြေပါတယ်။ မတတ်နိုင်တဲ့လူတွေအတွက်ကကျတော့ အသေခံကြရတာပေါ့။”
“ကုလားရွာတွေမှာလည်း ဆေးတွေမရပါဘူး။ ကျွန်မရောက်ပါတယ်။အဲဒီရွာတွေက်ို…။”
“သယ်ယူပို့ဆောင်ရေးကတော့ သင်္ဘောရယ်၊လေယာဉ် နှစ်မျိုးနဲ့ကုန်သယ်နေကြပါတယ်။”
“သင်္ဘောကတော့…တလတခါဝင်ပါတယ်။ လေးစီး၊ ငါးစီးလောက်။ လေယာဉ်ကတော့ နေ့တိုင်းရောက်ပါတယ်။”
“စျေးကမတရားကြီးတော့…အာသာပြေလောက်ပဲစားနေကြတာပါ။”
“ဆင်းရဲသားတွေကတော့…မစားနိုင်ကြပါဘူး။ အဲဒီစျေးကွက်ကို အဓိကတင်တဲ့ပစ္စည်းက ကွမ်း၊ငရုတ်သီးစိမ်း၊ဒညင်းသီး၊သံပုရာသီး။”
“အလှူခံတောင်းတဲ့လူတွေကလည်းအ များကြီးရှိပါတယ်။လမ်းတွေမှာ…။”
“ပေါ်ဆန်းမွှေးဆန်ကတော့ တအိတ်ကို နှစ်သိန်းလေးသောင်းကျပ်ပါ။”
“ရက်သုံးဆယ်ဆန်ကတော့ တသိန်းလေးသောင်းကျပ်ပါ။ဆန်အဝါရောင်အသေးကတော့ တသိန်းနီးပါရှိတယ်။”
“ဘုန်းကြီးကျောင်းမှာနေတဲ့သူတွေက်ိုတော့… အဖွဲ့စည်းတွေက ကူညီပေးကြပါတယ်။”
“ဘယ်အဖွဲ့စည်းတွေလည်းတော့ အတိကျမသိပါဘူး။ မမေးကြည့်ဖြစ်ပါဘူး။ ကူညီတာတော့သိပါတယ်။”
“ခုစစ်တွေမြို့မှာဒေသခံအများစုက စစ်ဘေးရှောင်အဖြစ်နဲ့နေကြတာများပါတယ်။”