Border News Agency
ပလာယာခရိုင်၊ အောက်တိုဘာ ၄။
မွန်၊ကရင် ပူးပေါင်းပြီး လူထုစည်းရုံးရေးနဲ့နိုင်ငံရေးအံတုမှု အခြေခံရက်တိုသင်တန်းကို ကေအဲန်ယူ – ဒူးပလာယာခရိုင်နယ်စပ် တနေရာမှာသင်ကြားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၄ ရက်၊ဒိီနေ့ထုတ်ပြန်ပါတယ်။
KNU ဒူးပလာယာခရိုင်တာဝန်ရှိခေါင်းဆောင်တွေ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ တာဝန်ရှိခေါင်းဆောင်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေပူးပေါင်းပြီးလူငယ်တွေ နိုင်ငံရေးကိုပိုပြီးသိလာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်တိုင်းရင်းသားလူငယ်တွေအကြား ချိတ်ဆက်မှုအားကောင်းလာစေပြီး နိုင်ငံရေးလှုပ်ရှားတာတွေ ပိုပြီးကောင်းမွန်လာစေဖို့၊ စစ်ကော်မရှင်ပြုလုပ်မယ့် အတုအယာင်ရွေးကောက်ပွဲဆန်ကျင့်ရေးမှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ စတဲ့အချက်တွေကို ရွယ်ရည်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် လူထုစည်းရုံးရေးနဲ့နိုင်ငံရေး အံတုမှုအခြေခံရက်တိုသင်တန်းကို ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်နယ်စပ် တနေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ ၂ ရက်တာသင်ကြားပို့ချခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းသို့ ကရင်လူငယ်ကိုယ်စားလှယ်တွေ၊ မွန်လူငယ်ကိုယ်စားလှယ်တွေနဲ့ ဗမာလူငယ်ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းမှာ စစ်အုပ်စုကျင်းပမယ့် “အတုအယောင် ရွေးကောက်ပွဲပဋိပက္ခကို ဖြေရှင်းနိုင်မလား” ဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ငံရေးစကားဝိုင်းအစီအစဉ်တခုလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။