Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး အာရက္ခဒေသ

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး – ၁

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၂၆။

နိုင်ငံတော်တရပ်(သို့မဟုတ်)လူ့အဖွဲ့အစည်းတခုအတွက် မိမိဘဝအသက်ရှင်ရပ်တည်ရေးအား ထိခိုက်လာမည့်အန္တ ရာယ်များမှ ကာကွယ်ရန် စစ်ဘက်ဆိုင် ရာလက်နက်ကိုင်အဖွဲ့အစည်းတရပ်လို အပ်သည်။

သို့သော် ထိုလက်နက်ကိုင်အဖွဲ့အစည်းတရပ်က ၎င်းတို့၏ပါဝါစွမ်းအားဖြင့် လူထုအား မဆန့်ကျင်ရန်၊အာဏာမပြရန်လည်း လိုအပ်သည်။

စစ်ဘက်ဟူသည် အုပ်ချုပ်ရေးအာဏာ ၏အောက်တွင်ရှိသောအဖွဲ့အစည်းတခုဖြစ်သည်။

သို့သော် စစ်ဘက်မှာပင် အုပ်ချုပ်ရေးအာဏာအားရယူလာသည့် နိုင်ငံအာ ဏာပုံစံ ပျက်ယွင်းမှုများကလည်း လူ့သဘာဝတွင် ဖြစ်တတ်သည်။

စစ်ဘက်သည် အရပ်ဘက်အုပ်ချုပ်မှုကို နာခံရသည်။စစ်ဘက်က အရပ်ဘ က်အုပ်ချုပ်မှုအား နာခံခြင်းဟူသောအ ဓိပ္ပါယ်မှာ ပြည်သူလူထုက ရွေးကော က်တင်မြောက်လိုက်သောသူများက စ စ်ဘက်ဆိုင်ရာ ကိစ္စများအပေါ်တွင် ဆုံး ဖြတ်ချက်ချမှတ်ပြီး ထိုဆုံးဖြတ်ချက်အား စစ်ဘက်မှနာခံခြင်းဖြစ်သည်။

စစ်ဘက်၏မူလတာဝန်မှာ ပြည်သူလူ ထုအား ဘေးကင်းရန်ကာကွယ်ခြင်းဖြ စ်သည်။ပြည်သူလူထုအား ဘေးကင်းရ န်ကာကွယ်မှုဆိုသောအဓိပ္ပါယ်တွင် ပြ ည်သူလူထု၏လွတ်လပ်ခွင့်၊စည်းစိမ်ဥစ္စာနှင့်အေးချမ်းမှုကို ကာကွယ်ခြင်းလည်းပါဝင်သည်။

ပြည်သူလူထုအား ကာကွယ်ရန်ဆိုသောအချက်မှလမ်းချော်ပါက လက်နက်ကို င်တပ်ဖွဲ့ဟူသည် ပြည်သူလူထုကို ဖိနှိပ်ပိတ်ပင်ရက်စက်သော အဖွဲ့အစည်းကို ရုတ်တရက် ကူးပြောင်းသွားနိုင်သောအ ခြေအနေလည်း ရှိသည်။

ပြည်သူလူထုတွင် ၎င်းတို့၏လွတ်လပ်ခွင့်၊စည်းစိမ်ဥစ္စာနှင့်အေးချမ်းမှုအတွ က် လိုအပ်ပါက လက်နက်ကိုင်တပ်ဖွဲ့၏ အင်အားကို သုံးခွင့်ရှိသည်။လက်နက် ကိုင်တပ်ဖွဲ့၏တာဝန်မှာ ပြည်သူလူထု ၏လိုအပ်သည့်အချိန်တွင် အသင့်ဖြစ်နေစေရန်မိမိ၏စွမ်းရည်ကို ပြည့်ဝအော င် အမြဲတမ်းလေ့ကျင့်တည်ဆောက်နေခြင်းသာဖြစ်သည်။

သို့သော် စစ်ဘက်အုပ်စုက ၎င်းတို့အ ကျိုးစီးပွားအတွက် ပြည်သူလူထုအ ပေါ် အင်အားသုံးလာမှုမျိုးသည်လည်း လူသားသမိုင်းတွင် ရှိထားသည်။

လက်နက်ကိုင်တပ်ဖွဲ့အား အဘယ်ကြောင့် စည်းမျဉ်းစည်းကမ်းများဖြင့် အထပ်ထပ် ချုပ်ကိုင်ထားရပါသနည်း။

စစ်ဘက်အုပ်စုက ၎င်းတို့အကျိုးစီးပွားအတွက် ပြည်သူလူထုအပေါ် အင်အားမသုံးနိုင်ရန်အတွက် တင်းကြပ်ထားရခြင်းဖြစ်သည်။

သာမန်ပြည်သူတဦး ဥပဒေကို ချိုးဖော က်လျှင် ချိုးဖောက်သောဥပဒေဒဏ်ကို ခံရသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦး ဥပဒေကို ချိုးဖောက်လျှင် ချိုးဖောက်သောဥပ ဒေ၏အပြစ်ဒဏ်နှင့်စစ်ဘက်ဆိုင်ရာဥ ပဒေ၏အပြစ်ဒဏ်ကိုပါ ခံရသည်။

လက်နက်ကိုင်ထားသူတဦး စိတ်ထင်ရာကို လုပ်နေပါက ထိုပတ်ဝန်းကျင်တွင်
မည်သူမှ စိတ်အေးလက်အေးနေနိုင်မ ည်မဟုတ်ချေ။

ထိုသို့ စိတ်ထင်ရာကို မပြုလုပ်စေရန် အတွက် စည်းကမ်းစည်းမျဉ်းကို တင်းကြပ်ထားရခြင်းဖြစ်သည်။

ဤသို့မဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ဝ င်ဖြစ်သောကြောင့် အမှားလုပ်သည်ဖြစ်စေ ကင်းလွတ်ခွင့်ပေးထားသည် ဆိုပါက လူ့အဖွဲ့အစည်းတွင် အရပ်ဘက်- စ စ်ဘက်ဆက်ဆံရေးတွင် အပြန်အလှန် ယုံကြည်မှုပျက်တော့သည်။

ပုံမှန်အားဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် တဦးသည် ပြည်သူတဦးအပေါ် ဥပဒေချိုးဖောက်ပါက ထိုလက်နက်ကိုင်တပ် ဖွဲ့ဝင်၏လုပ်ရပ်သည် အရပ်ဘက်ပြည်သူနှင့်သက်ဆိုင်သည်ဖြစ်၍ စစ်ဘက်မှ
ထိုတပ်ဖွဲ့ဝင်အား အရပ်ဘက်တရားရုံးသို့လွဲပြောင်းပေးရသည်။အရပ်ဘက် တရားရုံးမှ ထိုတပ်ဖွဲ့ဝင်အား အပြစ်ရှိသည်ဟုဆုံးဖြတ်ပါက စစ်ဘက်မှထိုစီရင်ဆုံးဖြတ်မှုကို နာခံရသည်။

ထိုနောက် စစ်ဘက်ဆိုင်ရာ ခုံရုံး/တရား ရုံးဖြင့် ထိုတပ်ဖွဲ့ဝင်အား ထပ်မံစစ်ဆေးကာ အပြစ်ဒဏ်ချမှတ်ရသည်။

ပုံသဏ္ဍာန်မှန်သောအရပ်ဘက်-စစ်ဘ က်ဆက်ဆံရေး၏အမြင့်ဆုံးပြယုဂ်မှာ စစ်ဘက်၏အာဏာထိပ်ခေါင်စစ်သေ နာပတိချုပ်မှာ လူထုမှတိုက်ရိုက်သို့မ ဟုတ်ရွေးကောက်တင်မြောက်ထားသောအရပ်သား ဖြစ်နေခြင်းပင်ဖြစ်သ ည်။

အကယ်၍ စစ်ဘက်ပုဂ္ဂိုလ်တဦးဦးမှစ စ်ဘက်ပါဝါဖြင့် နိုင်ငံအကြီးအကဲ၊အ စိုးရအကြီးအကဲနေရာကို ယူလာပါက ထိုဖြစ်စဉ်မှာ နိုင်ငံ့အာဏာပုံစံပျက်ယွ င်းမှုဖြစ်နေပြီဖြစ်သည်။

အရပ်ဘက်တွင် နိုင်ငံရေး၊အာဏာဆိုင် ရာကိစ္စရပ်များနှင့်စစ်ဘက်ဆိုင်ရာ အင် အားအပေါ် မည်သို့မည်ပုံအသုံးပြုမည်ကို ဆုံးဖြတ်သည်။

စစ်ဘက်၏သဘောတွင်ထိုသို့မဟုတ်ဘဲ နိုင်ငံရေးနှင့်အာဏာဆိုင်ရာကိစ္စရပ်များမှကင်းလွတ်ကာကာကွယ်ရေး၊လုံ ခြုံရေးတာဝန်ကိုသာ သီးသန့်ယူထားရခြင်းဖြစ်သည်။

PrevPreviousပင်လုံမှာ ငွေကျပ် ၈,၆၆၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းမိ
Nextအာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်တဲ့ Facebook အကောင့် ၁၀၀ ကျော်ကို Meta ထပ်မံဖြုတ်ချNext
Previous Post

ပင်လုံမှာ ငွေကျပ် ၈,၆၆၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းမိ

Next Post

အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်တဲ့ Facebook အကောင့် ၁၀၀ ကျော်ကို Meta ထပ်မံဖြုတ်ချ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-APM

မိုးရာသီရေလမ်းနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အာရက္ခအစိုးရထုတ်ပြန်

May 25, 2026

အာရက္ခအစိုးရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေ ဖော်ဆောင်မယ်

May 24, 2026

မြေယာ၊ပဋိပက္ခများနှင့် ကုလသမဂ္ဂစာတမ်း

May 24, 2026

အာရက္ခပြည်မှာ အာရက္ခလောင်ပေါ် ကို လာမယ့်ဇွန်လကစပြီး ရောင်းမယ်

May 24, 2026

မြန်မာ့အရေး မဟာဗျူဟာမြောက် ဦးစားပေးသတ်မှတ်ဖို့ Quad အဖွဲ့ကို ၆၆ ဖွဲ့ တောင်းဆို

အီရန်နဲ့ဆွေးနွေးပွဲပျက်ရင် အခြားနည်းလမ်းသုံးမယ်လို့ ရူဘီယို သတိပေး

အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်တဲ့ Facebook အကောင့် ၁၀၀ ကျော်ကို Meta ထပ်မံဖြုတ်ချ

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး – ၁

ပင်လုံမှာ ငွေကျပ် ၈,၆၆၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းမိ

အမေရိကန် – အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်တွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းပြန်ကျ

Releated Post

ဓာတ်ပုံ - US Embassy in India

မြန်မာ့အရေး မဟာဗျူဟာမြောက် ဦးစားပေးသတ်မှတ်ဖို့ Quad အဖွဲ့ကို ၆၆ ဖွဲ့ တောင်းဆို

May 26, 2026
ဓာတ်ပုံ - Al Jazeera

အီရန်နဲ့ဆွေးနွေးပွဲပျက်ရင် အခြားနည်းလမ်းသုံးမယ်လို့ ရူဘီယို သတိပေး

May 26, 2026

အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်တဲ့ Facebook အကောင့် ၁၀၀ ကျော်ကို Meta ထပ်မံဖြုတ်ချ

May 26, 2026

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး – ၁

May 26, 2026
ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ပင်လုံမှာ ငွေကျပ် ၈,၆၆၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းမိ

May 25, 2026
ဓာတ်ပုံ - Al Jazeera

အမေရိကန် – အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်တွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းပြန်ကျ

May 25, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page