Border News Agency
နမ္မတူ၊ အောက်တိုဘာ ၇။
နမ္မတူမြို့ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းလေးကျောင်းပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နမ္မတူမြို့နယ်၊ရ က်ကွက် ၈ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို ဒီနေ့မနက် ၇ နာရီ ၃၃ မိနစ်အချိန်ကရ ည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းဆောင်လေးကျောင်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်သီတင်းကျွတ်လပြည့်နေ့ကလည်း နမ္မတူမြို့မြို့မဈေးရပ်ကွက်၂ ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ခြောင်အိမ်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်သီပေါမြို့၊မြို့တွင်းရှိ မိုက်ခရိုဝေ့ပ်ဆက်သွယ်ရေးထဲကို စစ်ကော် မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင် သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေအနေနဲ့စစ်ကော်မရှင်တပ်ရဲ့လေကြာင်းအပြင်ဒရု န်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ န ည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားတဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။