Border News Ageny
စစ်ကိုင်း၊ အောက်တိုဘာ ၇။
စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကတ်ဆယ်လုံးနဲ့ပစ် ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့တယ်လို့ Chindwin Rocket Brother – CRB က အောက်တိုဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေက အောက်တိုဘာလ ၂ ရက်နေ့က ရော့ကတ်ဆယ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် စစ်တိုင်းရုံးမှ အရာရှိငါးဦး၊ရိက္ခာဂိုထောင်စောင့်နှစ်ဦးနဲ့ တပ်တွင်းမိသားစုငါးဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို တော်လှန်ရေးတပ်တွေကတဆ(ခွဲ)၄/၃၀၀ ဆေးရုံကိုပို့ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်အနောက်မြောက်တိုင်းစစ် ဌာနချုပ်၊စစ်တိုင်းရုံးမှ ရိက္ခာဂိုထောင်နှစ်လုံး ပြိုကျပျက်စီးတယ်လို့လည်းဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းရောကတ်ညီနောင်(Chindwin Rocket Brother – C.R.B)ဦးဆောင်ပြီးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ချိုမိုင်မိုင်(ကနီ)၊Chindwin Brother၊ Budalin Defense Force၊Bandula Defense Force၊ Federal Democratic Force၊Burmer Army၊ မုံရွာခရိုင်တပ်ရင်း ၁၄ဗိုလ်လက်ကောက်နဲ့ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်းပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။